ကောင်းမွန်စွာ နှုတ်ဆက် ၍ သူ ၏ပလ္လင် ကို ဗာဗုလုန် မြို့မှာ အထံ တော်၌ ရှိသော မင်းကြီး များထိုင်ရာပလ္လင် တို့ထက် ချီးမြှင့် လေ၏
TSK
TSK · ဒံယေလအနာဂတ္တိကျမ်း။ 2:37
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ပေရသိ ရှင်ဘုရင် ကုရု မင်းမိန့် တော်မူသည် ကား၊ ကောင်းကင် ဘုံ၏အရှင် ဘုရား သခင်ထာဝရဘုရား သည်၊ မြေကြီး ပေါ်မှာ တိုင်း နိုင်ငံရှိသမျှ တို့ကို ငါ့ အား ပေး တော်မူသည်ဖြစ်၍၊ ယုဒ ပြည်ယေရုရှလင် မြို့၌ အိမ် တော်ကို ငါ တည် ဆောက်ရမည်အကြောင်း မှာ ထား တော်မူပြီ။
ဘုရား သခင်သည် တကြိမ် ဗျာဒိတ် ပေးတော်မူပြီ။ နှစ်ကြိမ် မြောက် ငါကြား ရသောဗျာဒိတ် တော်ဟူမူကား ၊ တန်ခိုး သည် ဘုရား သခင်၌ ရှိ၏။
သူသည် အဘယ်သို့ဆိုသနည်းဟူမူကား၊ ငါ ၏ မှုးမတ် တို့သည် မင်းကြီး ဖြစ်ကြသည်မဟုတ် လော။
ယခု မှာ ဤ ပြည် ရှိသမျှ တို့ကို ငါ့ ကျွန် ဗာဗုလုန် ရှင်ဘုရင် ၊ နေဗုခဒ်နေဇာ လက် သို့ ငါ အပ်ပေး ပြီ။ သူ စေစား ဘို့ရာ တော တိရစ္ဆာန် များကိုလည်း ငါပေး ပြီ။
တဖန် အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား၊ ဘုရင် တို့၏ဘုရင် တည်းဟူသောမြောက် မျက်နှာရှင်ဘုရင် နေဗုခဒ်နေဇာ ကို၊ မြင်း ရထား ၊ မြင်းစီး သူရဲ၊ လူ များအလုံးအရင်း နှင့်တကွ တုရု မြို့သို့ ငါ ဆောင် ခဲ့ မည်။
နိမိတ် လက္ခဏာတော်သည် အလွန် ကြီးပေ၏။ အံ့ဘွယ် သော အမှုတော်လည်း တန်ခိုး နှင့်ပြည်စုံပေ၏။ ဘုရားသခင်၏နိုင်ငံ တော်သည် ထာဝရ နိုင်ငံ ဖြစ်၏။ အာဏာစက် တော်လည်း ကမ္ဘာ အဆက်ဆက်တည်တော်မူ ၏။
ကိုယ်တော် ကို လူစု ထဲက နှင်ထုတ် ၍ ၊ မြေ တိရစ္ဆာန် တို့နှင့်အတူ နေရာ ချကြလိမ့်မည်။ အမြင့်ဆုံး သောဘုရားသည် လောကီ နိုင်ငံ ကို အုပ်စိုး ၍၊ ပေးလို သော သူ တို့ အား ပေး တော်မူသည်ကို ကိုယ်တော်မသိ မ မှတ်မှီကာလ၊ ခုနစ် နှစ်ပတ်လုံးနွား ကဲ့သို့ မြက် ကိုစား ၍ ၊ မိုဃ်း စွတ်ခြင်းကိုခံ လျက်နေရမည်။
ကာလ အချိန်စေ့ သောအခါ၊ ငါ နေဗုခဒ်နေဇာ သည် ကောင်းကင် သို့ မျှော်ကြည့်၍ သတိရပြန်လျှင်၊ အမြင့်ဆုံး သောဘုရားကို ကောင်းကြီး ပေး၍ ၊ ထာဝရ အသက် ရှင်တော်မူသောဘုရားကို ချီးမွမ်း ထောမနာ ပြု၏။ အာဏာ တော်သည် ထာဝရ အာဏာ ဖြစ်၏။ နိုင်ငံ တော်သည် ကမ္ဘာ အဆက်ဆက်တည်၏။
တပါးအမျိုးသား တို့အား ဆုချ သော်လည်း ၊ ချက်ခြင်း လူ များကို ငါစုဝေး စေမည်။ မကြာမမြင့်မှီ ရှင်ဘုရင် နှင့် မင်း များတင်သော ဝန် ကို ပင်ပန်း စွာ ထမ်းရကြ လိမ့်မည်။
အထက် အရပ်မှအခွင့် ကို မ ရ လျှင် မင်းကြီး သည် ငါ့ ကို အဘယ်သို့မျှ မပြုပိုင်။ ထိုကြောင့် ငါ့ ကို မင်းကြီး လက်သို့ အပ်နှံ သောသူ သည်သာ၍ကြီး သောအပြစ် ရှိ သည် ဟု မိန့် တော်မူ ၏။
အိုထာဝရ ဘုရား၊ ကိုယ်တော် သည် ခပ်သိမ်း သောအရာတို့ကို ဖန်ဆင်း တော်မူပြီ။ ထိုအရာတို့သည် အလို တော်ကြောင့် ဖြစ်၍ ဖန်ဆင်း လျက်ရှိ ကြပါ၏။ ထိုကြောင့် ၊ ကိုယ်တော် သည်ဘုန်း အသရေ တန်ခိုး တော် ကို ခံစား ထိုက် တော်မူ၏ဟုလျှောက်ဆို ၍၊ ပလ္လင် တော် ရှေ့ ၌ မိမိ တို့သရဖူ များကိုချထား ကြ၏။
ထိုသူတို့သည် သဘော တူ ၍ မိမိ တို့တန်ခိုး အာဏာစက် ကို သားရဲ ၌ အပ်ပေး ကြလိမ့်မည်။