ကောင်း သော နွား ခုနစ် ကောင်တို့သည် ခုနစ် နှစ် ဖြစ်ပါ၏။ ကောင်း သောစပါး ခုနစ် နှံတို့သည်လည်း ခုနစ် နှစ် ဖြစ်ပါ၏။ အိပ်မက် တော်ကား တပါး တည်း ဖြစ်ပါ၏။
TSK
TSK · ဒံယေလအနာဂတ္တိကျမ်း။ 2:45
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ဖါရော ဘုရင်သည် ထပ်၍ အိပ်မက် မြင်ရသည် အရာမှာ၊ ထိုအမှု ကို ဘုရားသခင် မြဲမြံ ခိုင်ခံ့စေ၍ အလျင်အမြန် စီရင် တော်မူလိမ့်မည်။
သို့ဖြစ်၍ အိုထာဝရအရှင် ဘုရား သခင်၊ ကိုယ်တော်သည် ကြီးမြတ် တော်မူ၏။ အကျွန်ုပ် တို့ ကြား သမျှ အတိုင်း ကိုယ်တော် နှင့် တူသောဘုရား ၊ ကိုယ်တော် မှတပါး အခြားသော ဘုရားမည်မျှမ ရှိပါ။
ထိုအမှုအလုံးစုံတို့ကို ကြည့်ရှု စီရင်ပြီးမှ မှူးမတ် ၊ မင်း အရာရှိ၊ ကြွင်း သောသူ တို့အား ခေါ် ၍ ၊ ရန်သူ တို့ကို မ ကြောက် ကြနှင့်။ ကြီးမြတ် ၍ ကြောက်မက် ဘွယ် ဖြစ် တော်မူသောထာဝရဘုရား ကို အောက်မေ့ ကြလော့။ ညီအစ်ကို သား မယား အိမ် ရာအဘို့ တိုက် ကြလော့ဟုဆို၏။
ဘုရား သခင်သည် ကြီးမြတ် တော်မူ၏။ ငါတို့ သည် ဘုရားသခင်ကို မ သိ နိုင်။ အသက် တော်နှစ်ပေါင်း ကို စစ် ၍မ ကုန်နိုင်ကြ။
¶ ထာဝရဘုရား သည် ကြီးမြတ် တော်မူ၏။ သန့်ရှင်း သော တောင် တော်ပေါ်မှာ ငါ တို့ဘုရား သခင်၏ မြို့ တော် တွင် အထူး သဖြင့်ထောမနာချီးမွမ်း ခြင်းကိုခံ ထိုက် တော်မူ၏။
ထာဝရဘုရား သည် ကြီး တော်မူကြောင်း ၊ ငါ တို့ ၏ဘုရား ရှင်သည် ဘုရား တကာ တို့ထက် မြတ်တော်မူ ကြောင်း ကို ငါ သိ ၏။
အရှင် ထာဝရ ဘုရားက၊ စုံစမ်း သော အမြစ် ကျောက် တည်းဟူသော၊ မလှုပ်နိုင်အောင် မြဲမြံသော တိုက်ထောင့်အမြစ် ကျောက် မြတ် ကို ဇိအုန် တောင်ပေါ် မှာ ငါ ချ ထား၏။ ထိုကျောက်ကို အမှီပြု သောသူသည် ပြေး ရ သောအကြောင်းမ ရှိ။
ဗာဗုလုန် ပညာရှိ တို့ကို ပယ်ရှင်း စေခြင်းငှါ ၊ ရှင် ဘုရင်ခန့် ထားတော်မူသော အာရုတ် ထံ သို့သွား ၍ ၊ ဗာဗုလုန် ပညာရှိ တို့ကို မ လုပ်ကြံ ပါနှင့်။ အကျွန်ုပ် ကို အထံ တော်သို့ခေါ် သွင်းပါ။ အကျွန်ုပ်သည် အိပ်မက်တော်နှင့် အနက် ကိုဘော်ပြ ၍ လျှောက်ပါမည်ဟုဆို ၏။
လက် နှင့် မ ထုမလုပ်ဘဲ ကျောက် တလုံးသည် တောင် ပေါ်က အလိုလိုပဲ့ကွာ ၍၊ သံ ၊ ကြေးဝါ ၊ သရွတ် ၊ ငွေ ၊ ရွှေ တို့ကိုချိုးဖဲ့ သည် ကိုမြင် တော်မူသည်အကြောင်းအရာမှာ ၊ ပျက်စီး ခြင်းသို့မ ရောက်နိုင်သော နိုင်ငံ တခုကို ထို မင်းကြီး များလက်ထက် ၌ ကောင်းကင်ဘုံ ရှင်ဘုရားသခင် သည်တည်ထောင် စေတော်မူမည်။
ထိုကာလ အခါ၌ လည်း ထို မြို့ကို လူမျိုး အပေါင်း တို့အား လေး သော ကျောက် ဖြစ် စေမည်။ ထို ကျောက်ကို ချီ သော သူအပေါင်း တို့သည် ကျိုးပဲ့ ကြေမွကြလိမ့်မည်။ လောကီ သားအမျိုးမျိုး တို့သည် ယေရုရှလင် မြို့တဘက် ၌ စုဝေး လျက် ရှိကြလိမ့်မည်။
¶ ယေရှု က၊ ငါ သည် တစ်စုံတစ်ခု ကိုမေး ဦးမည်။ သင်တို့ဖြေ လျှင် ဤ အမှုများကို အဘယ် အခွင့် နှင့် ငါပြု သည်ကို ငါ ပြော မည်။
¶ ဖာရိရှဲ တို့သည် လာ၍၊ ဘုရားသခင် ၏ နိုင်ငံ တော်သည် အဘယ်ကာလ မှ တည် ပါမည်နည်းဟု မေးလျှောက် ကြလျှင် ၊ ယေရှု က၊ ကောင်းကင် နိုင်ငံ တော်သည် မျက်မြင် သောအရာ၌ မ တည် ။
ထိုကြောင့် ၊ သင်သည်မြင် ပြီးသော အရာ တို့ကို၎င်း ၊ ယခုရှိ သော အရာ တို့ကို၎င်း၊ နောင် ဖြစ် လတံ့သော အရာ တို့ကို၎င်း ရေး ထားလော့။
ကောင်းကင်တမန် တစ်ပါး သည် နေ ထဲမှာ ရပ် လျက်ရှိသည်ကို ငါမြင် ၏။