TSK

TSK · ဒံယေလအနာဂတ္တိကျမ်း။ 3:26

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

လူ များအပေါင်း တို့သည် ယော်ဒန် မြစ်တဘက် သို့ မရောက်မှီတိုင်အောင် ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ ကို ထမ်း သော ယဇ်ပုရောဟိတ် တို့သည်၊ မြစ် အလယ် တွင် မြေ ပေါ်၌ မြဲမြံ စွာနင်း ၍ ၊ ဣသရေလ အမျိုးသားအပေါင်း တို့သည် မြေ ပေါ်၌ ရှောက် သွားရကြ၏။

ယော်ဒန် မြစ်ထဲက တက်လာ ရမည်အကြောင်း ဆင့်ဆို လော့ဟုမိန့် တော်မူသည်အတိုင်း၊

သူ တို့က၊ ငါ တို့သည် ကောင်းကင် နှင့် မြေကြီး အရှင် ဘုရား သခင်၏ ကျွန် တော်ဖြစ်ကြ၏။ ရှေး ကာလ ၌ ကြီး မြတ်သော ဣသရေလ ရှင် ဘုရင် တည်ထောင် တော်မူသော အိမ် တော်ကို ယခုပြုပြင် ကြ၏။

အရှင် ထာဝရ ဘုရားက၊ စုံစမ်း သော အမြစ် ကျောက် တည်းဟူသော၊ မလှုပ်နိုင်အောင် မြဲမြံသော တိုက်ထောင့်အမြစ် ကျောက် မြတ် ကို ဇိအုန် တောင်ပေါ် မှာ ငါ ချ ထား၏။ ထိုကျောက်ကို အမှီပြု သောသူသည် ပြေး ရ သောအကြောင်းမ ရှိ။

ကိုယ်တော်သည် ဤနက်နဲ သောအရာကို ဖွင့်ပြ နိုင်သည်ဖြစ်၍၊ အကယ် စင်စစ်ကိုယ်တော် ၏ ဘုရား သခင်သည် ဘုရား တို့၏ဘုရား ၊ ဘုရင် တို့၏ အရှင် ၊ နက်နဲ သော အရာကိုဖွင့်ပြ တော်မူသောသခင်ဖြစ် တော်မူ၏ဟု မိန့် တော်မူ၍၊

မြင့်မြတ် တော်မူသောဘုရား သခင်သည် ငါ ၌ ပြု တော်မူသော နိမိတ် လက္ခဏာ၊ အံ့ဘွယ် သောအမှုတို့ကို ပြ ခြင်းငှါ ငါ အလို ရှိ၏။

ပေါလု က၊ ရောမ လူ ဖြစ် သော ငါ တို့ကို ဓမ္မသတ်အတိုင်း မစီရင်ဘဲလျက်၊ စစ်ကဲတို့သည် ထင်ရှား စွာ ရိုက် ၍ ထောင် ထဲမှာ လှောင် ထားပြီးမှ၊ တိတ်ဆိတ် စွာနှင်ထုတ် ကြမည်လော။ ထိုသို့မ ပြု သင့်။ ကိုယ်တိုင် လာ ၍ ငါ တို့ကို နှုတ်ယူ ကြစေဟု ရုံးလုလင် တို့ အားပြောဆို ၏။

အကြောင်းမူကား ၊ ယခု တွင် ငါသည် လူ တို့၏ အလို သို့လိုက်သလော။ ဘုရားသခင် ၏ အလိုတော်ကို လိုက်သလော။ လူတို့ စိတ် ကို နူးညွတ်စေခြင်းငှာရှာကြသလော။ လူတို့ စိတ် ကိုနူးညွတ်စေခြင်းငှာရှာကြံ သေးလျှင် ၊ ခရစ်တော် ၏ အစေခံ ကျွန်မ ဟုတ် ပြီ။