TSK

TSK · ဒံယေလအနာဂတ္တိကျမ်း။ 4:9

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ထာဝရဘုရား က ကြည့်ရှု လော့။ လူ တ မျိုးတည်း ၊ စကား တ မျိုးတည်း ရှိသည်ဖြစ်၍၊ သူ တို့သည် ဤ အမှုကို အဦး ပြု ကြ၏။ ယခု ကြံစည် သမျှ တို့ကို အဆီး အတားမ ရှိ၊ သူ တို့ပြု ကြလိမ့်မည်။

ဖါရော မင်းကလည်း ၊ ငါသည်အိပ်မက် ကို မြင် မက်ပြီ။ အနက်ကို အဘယ် သူမျှမဘတ် နိုင်။ သင် သည် အိပ်မက် ကို နားလည် သော ဉာဏ်နှင့် အနက် ဘတ်နိုင် သည်ကို ငါကြား ရပြီဟုဆို ၏။

ဂိဒေါင် သည် ရောက် သောအခါ ၊ လူ တယောက်သည် မိမိမြင်မက် သော အိပ်မက် ကို မိမိ အပေါင်းအဘော် အား ပြန် ပြောသည်မှာ၊ ငါမြင်မက် သည်ကား၊ မုယော မုန့် တပြား သည် မိဒျန် တပ် ထဲ သို့ လိမ့် ၍ တဲ တဆောင်ကို တွေ့လျှင်၊ ထိခိုက် မှောက်လှန် ဖြိုချ လေ၏ဟု ဆို သော်၊

သင်သည် ကြောက်လန့် ဘွယ်သော အခြင်းအရာကို အောက်မေ့ သောအခါ၊ စာရင်း ယူသောသူသည် အဘယ်မှာ ရှိသနည်း။ အခွန်ခံ သောသူသည် အဘယ်မှာ ရှိသနည်း။ ပြအိုး တို့ကို ရေတွက် သောသူသည် အဘယ် မှာရှိသနည်း။

အမြင့်ဆုံး သော ဣသရေလ တောင် ပေါ် မှာ ငါ စိုက်ပျိုး ပြီးမှ ၊ အခက် အလက်နှင့်ပြည့်စုံ ၍ အသီး ကို သီး သဖြင့် ၊ ကောင်းမွန် သော စပျစ် နွယ်ပင်ဖြစ် လိမ့်မည်။ ထိုအပင်အောက်၌၎င်း ၊ အခက် အလက်အရိပ် ၌ ၎င်း ၊ ငှက် မျိုးအပေါင်း တို့သည် နေရာ ကျကြလိမ့်မည်။

ရှင်ဘုရင် မေး တော်မူသမျှ သော အတတ် ပညာ ကို ထိုလုလင်တို့သည် နိုင်ငံ တော်၌ရှိသမျှ သော မာဂု ပညာရှိ၊ ဗေဒင် တတ်များထက် သာ၍ဆယ် ဆ တတ်ကြသည် ကို တွေ့မြင် တော်မူ၏။

ဒံယေလ ကို ချီးမြှောက် လျက်၊ များစွာ သော ဆုလပ် သပ်ပကာတို့ကိုပေး ၍၊ ဗာဗုလုန် နိုင်ငံ တွင် ဝန်ကြီး အရာ၌၎င်း ၊ ဗာဗုလုန် ပညာရှိ တို့ကို အုပ်စိုး သော ဝန် အရာ၌၎င်း ခန့်ထားတော်မူ၏။

နောက်မှငါ ကိုးကွယ်သောဘုရား ၏ နာမ အားဖြင့်ဗေလတရှာဇာ ဟုခေါ်သမုတ်၍၊ သန့်ရှင်း သော ဘုရား သခင်၏ ဝိညာဉ် တော်နှင့် ပြည့်စုံသော ဒံယေလ သည် ငါ့ ထံသို့ ဝင်လာလျှင်၊

သန့်ရှင်း သော ဘုရား သခင်၏ ဝိညာဉ် တော်နှင့် ပြည့်စုံသော သူတယောက်သည် နိုင်ငံ တော်တွင် ရှိ ပါ၏။ ခမည်းတော် ဘုရားလက်ထက် တော်၌ ၊ ထိုသူတွင် ဘုရား ပညာ နှင့် တူသော ပညာ ဉာဏ် သတ္တိ ထင်ရှားလျက် ရှိပါ၏။ ထိုသူကို ခမည်းတော် ဘုရား နေဗုခဒ်နေဇာ မင်းကြီး သည် မာဂု ပညာရှိ၊ ဗေဒင် တတ်၊ ခါလဒဲ ဆရာ၊ အနာဂတ္တိ ဆရာတို့အပေါ်တွင် ဆရာ အုပ်အရာ၌ ခန့် ထားတော်မူ ၏။