အသက်ရှင် တော်မူသောဘုရားသခင် သည်မီး ထဲက မိန့် မြွက်တော်မူ သောအသံ တော်ကို အကျွန်ုပ် တို့ ကြားရ သကဲ့သို့ အဘယ် လူ သတ္တဝါသည် ကြား ၍ အသက်ရှင် သနည်း။
TSK
TSK · ဒံယေလအနာဂတ္တိကျမ်း။ 6:26
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ကိုယ်တော် ကျွန် သည် ခြင်္သေ့ နှင့် ဝံ နှစ်ကောင်လုံးကိုသတ် ပါ၏။ အရေဖျား လှီးခြင်းကို မခံသော ထို ဖိလိတ္တိ လူသည် အသက် ရှင်တော်မူသောဘုရား သခင်၏ ဗိုလ်ခြေ တို့ကို ကြိမ်းပ သောကြောင့် ၊ ထိုအကောင်တကောင် ကဲ့သို့ ဖြစ် ပါလိမ့်မည်။
ဘုရင် တို့၏ဘုရင် အာတဇေရဇ် သည် ကောင်းကင် ဘုံ၏ အရှင်ဘုရား သခင့်တရား ကျမ်းတတ်ဆရာ ၊ ယဇ်ပုရောဟိတ် ဧဇရ ၌ ခပ်သိမ်း သော မင်္ဂလာဖြစ်စေ သောဟူ၍ဤ မည်သောကာလတွင် မှာလိုက်၏။
ထာဝရဘုရား သည် မိုဃ်း သက်မုန်တိုင်းပေါ် မှာ ထိုင် တော်မူ၏။ အကယ်စင်စစ်ထာဝရဘုရား သည် အစဉ် အမြဲရှင် ဘုရင်အရာနှင့် ထိုင် တော်မူ၏။
¶ ထာဝရဘုရား သည် စိုးစံ တော်မူ၏။ လူများ တို့ သည် တုန်လှုပ် ခြင်း ရှိကြစေ။ ခေရုဗိမ် တွင် ကျိန်းဝပ် တော်မူ၏။ မြေကြီး သည် လှုပ်ရှား ခြင်းရှိစေ။
တန်ခိုး ပါသောအမှုတော်များနှင့် နိုင်ငံ တော်၏ ဘုန်း အသရေများကို လူသား တို့အား ဘော်ပြ ကြပါ၏။
ဒါဝိဒ် မင်း၏ ရာဇ ပလ္လင်ပေါ် မှာထိုင်၍၊ နိုင်ငံ တော်ကို နောင်ကာလအစဉ်မပြတ်၊ တရား တော်အတိုင်း ဖြောင့်မတ် စွာစီရင်၍အမြဲတည် စေတော်မူမည်အကြောင်း ၊ အာဏာ တော် တိုးတက် ခြင်းနှင့် ငြိမ်သက် တော်မူခြင်း သည် နိစ္စ အမြဲရှိလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် အလို တော်အားကြီး၍၊ ထို အမှုကို ပြီးစီး စေတော်မူလိမ့်မည်။
ထာဝရဘုရား မူကား ၊ မှန် သောဘုရား ၊ အသက်ရှင် သောဘုရား ၊ နိစ္စ ထာဝရဘုရင် ဖြစ်တော်မူ၏။ အမျက် တော်ထွက်လျှင် မြေကြီး တုန်လှုပ် ရ၏။ လူ အမျိုးမျိုးတို့သည် အမျက် တော်ကို မ ခံ နိုင်ကြ။
ထိုကြောင့်၊ အရပ်ရပ်တို့၌ နေ၍အသီးသီးအခြားခြားသော ဘာသာ စကားကို ပြောသော လူ အမျိုးမျိုး တို့တွင် တစုံတယောက်သောသူသည်၊ ရှာဒရက် ၊ မေရှက် ၊ အဗေဒနေဂေါ တို့၏ ဘုရား သခင်အား ပြစ်မှားသော စကား ကို ပြောလျှင်၊ ထိုသူကို အပိုင်းပိုင်း စဉ်း စေ။ သူ ၏အိမ် ကိုလည်း နောက်ချေးပုံ ဖြစ်စေဟု ငါ အမိန့် တော် ရှိ၏။ အကြောင်း မူကား၊ ထိုမျှလောက် သော ကယ်တင် ခြင်းကို ထိုဘုရားသခင်မှတပါး အဘယ်ဘုရား မျှ မ ပြုနိုင် ဟု မိန့်တော်မူပြီးမှ၊
ကာလ အချိန်စေ့ သောအခါ၊ ငါ နေဗုခဒ်နေဇာ သည် ကောင်းကင် သို့ မျှော်ကြည့်၍ သတိရပြန်လျှင်၊ အမြင့်ဆုံး သောဘုရားကို ကောင်းကြီး ပေး၍ ၊ ထာဝရ အသက် ရှင်တော်မူသောဘုရားကို ချီးမွမ်း ထောမနာ ပြု၏။ အာဏာ တော်သည် ထာဝရ အာဏာ ဖြစ်၏။ နိုင်ငံ တော်သည် ကမ္ဘာ အဆက်ဆက်တည်၏။
အရပ်ရပ်တို့၌နေ၍ အသီးသီးအခြားခြားသော ဘာသာ စကားကို ပြောသောလူမျိုး တကာ တို့ကို အုပ်စိုးစေခြင်းငှာ၊ ထိုသူသည် နိုင်ငံ နှင့်တကွ အာဏာစက် တန်ခိုးကိုရ ၏။ အာဏာစက် တော် သည် ကမ္ဘာ အဆက်ဆက်တည်၏။ နိုင်ငံ တော်သည် ပျက်စီး ခြင်းသို့ မ ရောက်နိုင်ရာ။
သို့ရာတွင် ၊ ဣသရေလ အမျိုးသား တို့သည် မ ခြင် နိုင်၊ မ ရေတွက် နိုင်သော သမုဒ္ဒရာ သဲလုံး နှင့်အမျှ များ ကြလိမ့်မည်။ သင် တို့သည် ငါ ၏ လူ မ ဟုတ်ဟု ထိုသူ တို့အား ပြောဆို ရာ အရပ် ၌ ပင်လျှင်၊ သူ တို့သည် အသက်ရှင် တော်မူသောဘုရား သခင်၏သား ဟု ခေါ်ဝေါ် ခြင်းကိုခံရကြလိမ့်မည်။
အပြစ် သွေးဆောင်ရာသို့ မ လိုက် မပါစေဘဲ၊ မကောင်း သောအမှုအရာ မှ လည်း ကယ်နှုတ် တော်မူပါ။ အစိုးပိုင်သောအခွင့်နှင့် ဘုန်းတန်ခိုး အာနုဘော် သည် ကမ္ဘာ အဆက်ဆက် ကိုယ်တော်၌ ရှိ ပါ ၏။ အာမင် ဟု ဆုတောင်း ကြလော့။
အဘယ်သူ ကို ကြောက် ရမည်နည်းဟူမူကား ၊ ကိုယ်ခန္ဓါကိုသတ် ပြီးမှ ငရဲ ထဲသို့ ချ နိုင် သောသူ ကို ကြောက် ကြလော့။ ငါအမှန် ဆို သည်ကား၊ ထို သူကို ကြောက် ကြလော့။
သင်တို့သည်ငါ ၏လူ မ ဟုတ် ဟုပြောဆို ရာ အရပ် ၌ နေ သောသူ တို့သည်၊ အသက် ရှင်တော်မူသော ဘုရားသခင် ၏သား ဟု ခေါ်ဝေါ် ခြင်းကို ခံရကြလိမ့်မည်ဟု လာသတည်း။
ထိုကြောင့်၊ ဂတိ တော်ကို အမွေခံ ရသောသူတို့သည်၊ ဘုရားသခင် ၏ အကြံအစည် တော်မ ဖောက်ပြန်နိုင် ကြောင်းကို အတပ် သိစေခြင်းငှာ၊ ဘုရားသခင်သည် အကျိန် အားဖြင့်အာမခံ တော်မူ၏
ထိုအဘ သည် ရွေ့လျော့ တိမ်းယိမ်းခြင်းမ ရှိ ၊ ပြောင်းလဲ ခြင်းအရိပ် နှင့် ကင်းလွတ်တော်မူ၏။
သတ္တဝါ လေး ပါးတို့ကလည်း အာမင် ဟုခေါ်ဝေါ် ကြ၏။ အသက်ကြီး သူ တို့သည်လည်း ပြပ်ဝပ် ၍ ကိုးကွယ် ကြ၏။