TSK

TSK · ဒံယေလအနာဂတ္တိကျမ်း။ 8:16

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

သူကလည်း၊ အလွန် ချစ်အပ်သောသူ၊ ဒံယေလ ၊ ငါ့စကား ကို နားလည် အံ့သောငှါမတ်တတ် နေလော့။ သင် ရှိရာသို့ ငါ့ကိုစေလွှတ် တော်မူ၍ ယခု ငါလာပြီဟု ဆိုလျှင်၊ ငါသည်တုန်လှုပ် မတ်တတ် နေ၏။

သို့ရာတွင် သမ္မာ ကျမ်းစာ၌ မှတ်သား သော အမှုအရာကို ငါပြ ဦးမည်။ ဤ အမှုတို့တွင် သင် တို့၏ မင်း မိက္ခေလ မှတပါး ငါ့ ဘက်မှာ နေသောသူမ ရှိ။

ငါကလည်း ၊ အိုသခင် ၊ ထို သူတို့ကား အဘယ် သူနည်းဟုမေး သော်၊ ငါ နှင့် ပြောဆို သော ကောင်းကင် တမန် က၊ ထို သူ တို့ကား အဘယ် သူဖြစ်သည်ကို ငါ ပြ မည်ဟု ဆို ပြီးမှ ၊

ကောင်းကင် တမန်က၊ ငါ သည် ဘုရားသခင့် အထံ တော်၌ ခစား သောဂါဗြေလ ဖြစ် ၏။ သင့် ကို နှုတ်ဆက် ၍ ဤ ဝမ်းမြောက်စရာသိတင်းကို ကြားပြော စေခြင်းငှာငါ့ကိုစေလွှတ် တော်မူ၏။

ရှောလု နှင့်အတူသွား သောသူ တို့သည် အသံ ကိုကြား ရုံမျှသာရှိ၍၊ အဘယ်သူ ကိုမျှမမြင် ဘဲ မိန်းမော တွေဝေလျက်ရပ် နေကြ၏။

ကောင်းကင်တမန်များတို့ကား၊ ကယ်တင် တော်မူခြင်း ကျေးဇူးကို အမွေခံ လတံ့ သော သူ တို့ကို ပြုစု စေခြင်းငှာ၊ စေလွှတ် တော်မူသော အစေခံ နံဝိညာဉ် ဖြစ် ကြသည် မ ဟုတ်လော။

ငါ ယေရှု သည် အသင်းတော် တို့အဘို့ ဤအရာ များကို သင် တို့အားသက်သေခံ စေခြင်းငှာ၊ ငါ ၏ ကောင်းကင် တမန်ကို စေလွှတ် ၏။ ငါ သည်ကား၊ ဒါဝိဒ် ၏ အမြစ် ဖြစ် ၏။ အနွယ် လည်း ဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက် ကြယ် လည်းဖြစ်၏။