မြေကြီး တပြင်လုံး ရွှင်လန်း ရာ ဇိအုန် တောင်ထိပ် သည် အဆင်း လှ ပေ၏။ မြောက် မျက်နှာဘက် ၌ မဟာ မင်းကြီး ၏ မြို့ တော်သည် တည်၏။
TSK
TSK · ဒံယေလအနာဂတ္တိကျမ်း။ 8:9
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ငါသည်သင့်ကို သားတို့တွင် အဘယ်သို့ ထား ရ အံ့နည်း။ သာယာ သောပြည် ၊ တိုင်း နိုင်ငံအပေါင်းတို့၏ အထွဋ်၊ ဘုန်းကြီးသော အမွေ ခံရာ ပြည်ကိုသင့် အား အဘယ်သို့ပေး ရအံ့နည်းဟု ငါ မေး သောအခါ၊ သင်သည် ငါ့ ကို အကျွန်ုပ် အဘ ဟူ၍ ခေါ် ရလိမ့်မည်။ ငါ့ ထံမှ လွှဲ ၍ မ သွားရဟု ငါပြန်ပြော ၏။
တဖန် ၊ ပြည် တကာ တို့၏ အထွဋ် ဖြစ်၍နို့ နှင့် ပျားရည် စီး သော ပြည်၊ သူ တို့အားငါပေး သောပြည် သို့ မ ပို့ဆောင် ခြင်းငှါ ၊ တော ၌ ငါ ကျိန်ဆို ၏။
သူ၏ခေါင်း ၌ ရှိသော ချို ဆယ် ချောင်းကား၊ အဘယ်သို့ဆိုလိုသည်ကို၎င်း၊ နောက်ပေါက်၍ အရင်ချို သုံး ချောင်းကိုနှုတ်၍၊ ကြီး စွာသော စကားကို ပြော တတ် သော နှုတ် နှင့် မျက်စိ ရှိသဖြင့်၊ မိမိအဘော် တို့ ထက် သာ၍ရဲရင့်သော မျက်နှာအဆင်း ရှိသောချိုတချောင်းကား၊ အဘယ်သို့ဆိုလို သည်ကို၎င်းသိခြင်းငှါငါအလို ရှိ၏။
အမြင့်ဆုံး သော ဘုရားကို ဆန့်ကျင် ဘက်ပြု၍၊ ကြီးစွာသော စကား ကို ပြော လိမ့်မည်။ အမြင့်ဆုံး သော ဘုရား၏သန့်ရှင်း သူတို့ကို ညှဉ်းဆဲ နှိပ်စက်လိမ့်မည်။ ကာလ အချိန်နှင့် ပညတ် တရားတို့ကို ပြောင်းလဲ စေခြင်းငှါ ကြံစည် လိမ့်မည်။ တကာလ ၊ နှစ်ကာလ ၊ ကာလ တဝက် ပတ်လုံးသူသည် အခွင့်ရ လိမ့်မည်။
တိုက်လာ သောသူသည် မိမိ အလို အလျောက် ပြု ၍ ၊ သူ့ ရှေ့ မှာ အဘယ်သူမျှမ ရပ် မနေနိုင်ဘဲ၊ သာယာ သော ပြည် ကိုနင်းပြီးမှစုံလင် စေလိမ့်မည်။
ကြီးစွာသော အလုံး အရင်းနှင့်တကွ တောင် ရှင်ဘုရင် ကို ဆန့်ကျင်ဘက်ပြု၍၊ မိမိ အစွမ်း သတ္တိ ကို နှိုးဆော် လိမ့်မည်။ တောင် ရှင်ဘုရင် သည်လည်း ၊ အားကြီး ၍ များစွာ သော အလုံးအရင်းနှင့်တကွ စစ် တိုက်ခြင်းငှါနှိုးဆော် သော်လည်းမ ခံ မရပ်နိုင်။ အကြောင်း မူကား၊ သူ တဘက် ၌ မကောင်းသောအကြံ ကို ကြံစည် ကြ လိမ့်မည်။