ထိုသို့ ဣသရေလမြေသည် ဥပုသ်နေ့တို့ကို မွေ့လျော်စေခြင်းငှါ၊ ယေရမိ ဆင့်ဆို သော ထာဝရဘုရား ၏ အမိန့် တော်သည် ပြည့်စုံ ရ၏။ ထိုပြည် သည် လူဆိတ်ညံလျက်နေသောကာလ၊ အနှစ် ခုနစ်ဆယ် စေ့ အောင် ဥပုသ် နေ့ တို့ကို စောင့်သောအခွင့်ရှိသတည်း။
TSK
TSK · ဒံယေလအနာဂတ္တိကျမ်း။ 9:2
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
သန့်ရှင်း ရာဌာန၌ ရန်သူ သည် မ တရားသဖြင့် ပြု၍၊ အမြဲ သုတ်သင် ပယ်ရှင်းရာအရပ်သို့ ကြွ တော်မူပါ။
သက်သေခံ တော်မူချက်တို့သည် အကျွန်ုပ် မွေ့လျော် ရာ၊ အကျွန်ုပ် တိုင်ပင် ရာ ဖြစ်ကြပါ၏။
¶ အိုထာဝရဘုရား ၊ အဘယ်မျှကာလပတ်လုံး ကြာပါလိမ့်မည်နည်းဟု ငါမေး လျှောက်ပြန်လျှင်၊ မြို့ တို့ သည် မြို့သား မ ရှိ၊ အိမ် တို့သည် အိမ်သား မ ရှိအောင် ဖျက်ဆီး ခြင်းသို့ရောက်သဖြင့်၊ တပြည်လုံးသည် လူ ဆိတ်ညံရာသက်သက်ဖြစ်သည်တိုင်အောင် ၎င်း၊
သန့်ရှင်း သောမြို့ တော်တို့သည် တော ဖြစ် ကြ ပါပြီ။ ဇိအုန် တောင်လည်း တော ဖြစ် ပါပြီ။ ယေရုရှလင် မြို့ လည်းပျက်စီး ပါပြီ။
ဤ ပြည် တရှောက် လုံးသည် လူဆိတ်ညံ ရာ၊ အံ့ဩဘွယ် ရာ ဖြစ် လိမ့်မည်။ ဤ လူမျိုး တို့သည် အနှစ် ခုနစ်ဆယ် ပတ်လုံးဗာဗုလုန် ရှင်ဘုရင် ၏ အမှုကို ဆောင်ရွက် ရကြလိမ့်မည်။
ဤ အိမ် ကို ရှိလော ရွာကဲ့သို့ ငါဖြစ် စေမည်။ ဤ မြို့ ကိုလည်း ၊ မြေ ပေါ်မှာ လူ အမျိုးမျိုး ကျိန်ဆဲ သော မြို့ဖြစ် စေမည်ဟု မိန့်တော်မူ၏။
သူ ၏နိုင်ငံ ဆုံးချိန် မ ရောက် မှီတိုင်အောင်၊ ဤ ပြည် သားအပေါင်း တို့သည် သူ၏အမှုနှင့် သူ ၏သား မြေး အမှုကို ဆောင်ရွက် ရကြမည်။ ထိုအချိန်ရောက်မှ၊ များစွာ သော လူမျိုး တို့နှင့် ကြီး သောရှင် ဘုရင်တို့သည် သူ့ ကို စေစား ကြလိမ့်မည်။
¶ စည်ပင် ခဲ့သော မြို့ သည် လူ ဆိတ်ညံလျက် ထိုင် လေသည်တကား၊ လူမျိုး တို့တွင် ကြီးမြတ် ဘူးသော သတို့သမီးသည် မုတ်ဆိုးမ ကဲ့သို့ ဖြစ် ၏။ အပြည်ပြည် တို့၏ သခင်မ သည် အခွန် ပေး ရ၏။
ငါ ဒံယေလ သည် ထိုရူပါရုံ ကို မြင် ၍ အနက် ကို ရှာဖွေ သောအခါ ၊ လူ သဏ္ဌာန် ရှိသောသူတဦးသည် ငါ့ ရှေ့ တွင် ရပ် နေ၏။
ယဇ်ပုရောဟိတ် တို့နှင့် ပြည်သူ ပြည်သားအပေါင်း တို့အား သင်ဆင့်ဆို ရမည်မှာ၊ အနှစ် ခုနစ် ဆယ် ပတ်လုံးသင်တို့သည် ပဉ္စမ လနှင့် သတ္တမ လတွင် အစာရှောင် ၍ ငိုကြွေး မြည်တမ်းသောအခါ ၊ အကယ် စင်စစ်ငါ့ အလိုရှိသည်အတိုင်း ငါ့ အားအစာ ရှောင်ကြသလော ။
ပရောဖက် ဒံယေလ ဟော သည် အတိုင်း၊ ဖျက်ဆီး တတ်သော ရွံရှာဘွယ် အရာသည် မ နေသင့် သောအရပ် ၌ စိုက်နေ သည်ကို သင်တို့မြင် ရလျှင် ၊ ကျမ်းစာကိုကြည့် သောသူ သည် နားလည် ပါစေ။ ထိုသို့ မြင်ရလျှင် ယုဒ ပြည် ၌ ရှိသော သူ တို့သည်တောင် ပေါ်သို့ ပြေး ကြစေ။”
ငါ မ လာမှီတိုင်အောင်၊ ကျမ်းစာကိုဖတ် ခြင်း၊ တိုက်တွန်း သွေးဆောင်ခြင်း၊ ဆုံးမ ဩဝါဒပေးခြင်းကို ကြိုးစား၍ ပြုလော့။
ထို ကယ်တင် ခြင်းအကြောင်း အရာကို ပရောဖက် တို့သည် စေ့စေ့ စစ်ကြောမေးမြန်းရှာဖွေ ၍၊ သင် တို့ ခံရသော ကျေးဇူး တော်အကြောင်း ကို ဟောပြော ကြပြီ။
ကာလ အချိန်ရောက်လုနီး ပြီဖြစ်၍ ၊ ဤ အနာဂတ္တိ ကျမ်းစကား ကိုကြည့်ရှုဘတ်ရွတ် နားထောင် ၍ ၊ ရေး ထားသမျှတို့ကို စောင့်ရှောက် သော သူတို့သည် မင်္ဂလာ ရှိကြ၏။