ထာဝရဘုရား ကလည်း ၊ ငါသည်ပြင်းစွာ သော အမျက် တော်ကို ဣသရေလ အမျိုးမှ လွဲ စေခြင်းငှာ ၊ ဣသရေလမင်း အပေါင်း တို့ကို ခေါ် ၍ ၊ ပြစ်မှားသောသူတို့ ကို ဘုရား ရှေ့မှာ ထင်ရှား စွာ ဆွဲထား လော့ဟု မောရှေ အား မိန့် တော်မူ၏။
TSK
TSK · တရားဟောရာကျမ်း 21:23
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ငါ ကျိန်းဝပ် ၍ သင် တို့နေ သောပြည် ကို မ ညစ်ညူး စေရ။ ငါ ထာဝရဘုရား သည် ဣသရေလ အမျိုးသား တို့တွင် ကျိန်းဝပ် သည်ဟု မိန့်တော်မူ၏။
စက်ဆုပ် ရွံရှာဘွယ်သောအရာကို သင့် အိမ် ထဲသို့ မ သွင်း ရ။ သွင်းလျှင် ၊ သင်သည် ထို အရာကဲ့သို့ ကျိန် အပ် သောအရာ ဖြစ် မည်ဟု စိုးရိမ်စရာရှိ၏။ ထိုသို့သောအရာ ကို သင် သည် အကြွင်းမဲ့စက်ဆုပ် ရွံရှာရမည်။ ကျိန် အပ် သော အရာပင်ဖြစ်ပေ၏။
ထိုသို့ ဣသရေလ အမျိုးသားတို့သည် ကျိန် အပ် သောသူဖြစ် သောကြောင့် ၊ ရန်သူ တို့ရှေ့ မှာ မခံ မ ရပ်နိုင် ၊ ကျော ကို လှည့် ရကြ၏။ ကျိန် အပ်သောသူကို သင် တို့အထဲ က မ ပယ် မရှင်းလျှင် သင် တို့နှင့်အတူ ငါမ နေ။
ထို မင်းကြီးတို့ကို ထားနှင့်ကွပ်မျက် ၍ သစ်ပင် ငါး ပင်တို့၌ ဆွဲ ထားလေ၏။ ညဦး တိုင်အောင် သစ်ပင် ၌ ဆွဲ ထားပြီးမှ၊
သား ခုနစ် ယောက်တို့ကို ကျွန်တော် တို့လက်သို့ အပ် တော်မူပါ။ ထာဝရဘုရား ရွေးချယ် တော်မူသောရှောလု နေရာ ဂိဗာ မြို့၌ ထိုသူ တို့ကို ကျွန်တော်တို့သည် ထာဝရဘုရား အဘို့ ဆွဲထား ပါမည်ဟု လျှောက် သော် ၊ ရှင် ဘုရင်က ငါ အပ် မည်ဟု မိန့် တော်မူ၏။
¶ ထို နေ့သည် အဘိတ်နေ့ ဖြစ် ၍၊ နက်ဖြန်နေ့လည်း ကြီးမြတ် သောဥပုသ်နေ့ ဖြစ် သည်ကို ယုဒ လူတို့သည် ထောက်၍၊ အလောင်း ကောင်တို့ကို ဥပုသ်နေ့ ၌ လက်ဝါးကပ်တိုင် ပေါ်မှာ မ ရှိစေခြင်းငှာ ပိလတ် မင်းထံသို့ဝင် ပြီးလျှင်၊ ခြေ ကိုချိုး ၍ ထိုအလောင်းကောင်တို့ကို ယူသွား ရမည်အကြောင်း အခွင့်တောင်း ကြ၏။
အကြင်သူ သည် သခင် ယေရှုခရစ်ကို မ ချစ် ၊ ထိုသူသည် အနသေမာ ဖြစ်စေ သတည်း။ သခင် ဘုရား သည် ကြွလာတော်မူ၏။
ထိုကြောင့် ဘုရားသခင် ရှေ့တော်၌ ပညတ် တရားအားဖြင့် အဘယ်သူ မျှဖြောင့်မတ် ရာသို့ မရောက် နိုင်ဟုထင်ရှား လျက်ရှိ၏။ သစ် တိုင်၌ ဆွဲ ထားခြင်း ခံရသောသူ တိုင်း ကျိန် ခြင်းကို ခံရသောသူဖြစ်သည်ဟု ကျမ်းစာလာ သည်နှင့်အညီ၊ ခရစ်တော်သည် ငါ တို့ အတွက် ကြောင့် ကျိန် ခြင်းကို ခံရ သောသူဖြစ်၍၊ ငါ တို့ကို ပညတ် တရား၏ကျိန် ခြင်းမှ ရွေးနှုတ် တော်မူပြီ။