TSK

TSK · ထွက်မြောက်ရာကျမ်း။ 18:21

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

သုံး ရက်မြောက်သောနေ့ ၌ ယောသပ် သည် သူ တို့ကိုခေါ် ၍ ၊ ငါ သည် ဘုရားသခင် ကို ကြောက်ရွံ့ သောသူဖြစ် ၏။ သို့ဖြစ်၍သင်တို့သည် အသက် ချမ်းသာစေခြင်းငှါပြု ရသောအမှုဟူမူကား၊

တတ်စွမ်း နိုင်သောသူ တို့ကို ဣသရေလ အမျိုးထဲက ရွေးကောက် ၍ လူတထောင် အုပ် ၊ တရာ အုပ် ၊ ငါးဆယ် အုပ် ၊ တဆယ် အုပ် အသီးအသီးခေါင်း အရာ၌ ခန့် ထားလေ၏။

တံပိုးတလုံးတည်း ကို မှုတ် လျှင် ၊ ဣသရေလ အမျိုး၌ လူတထောင် ကို အုပ် သောမင်း တို့သည် သင့် ထံ၌ စည်းဝေး ရကြမည်။

ထိုကြောင့် သင် တို့အမျိုး များ၌ အသရေ ရှိသော လူကြီး ၊ ပညာ ရှိတို့ကို ငါရွေးချယ် ပြီးလျှင် ၊ သင် တို့တွင် မင်း လုပ် ရသောသူတည်း ဟူသောလူတထောင် အုပ် ၊ တရာ အုပ် ၊ ငါးဆယ် အုပ် ၊ တဆယ် အုပ် ၊ အကြပ် အဆော်အရာ ၌ ခန့်ထား၏။

လူတထောင် ကိုအုပ် သောအဆွေအမျိုး သူကြီး ဆယ် ပါးတို့ကို ရုဗင် အမျိုး ၊ ဂဒ် အမျိုး ၊ မနာရှေ အမျိုး တဝက် ရှိရာ ဂိလဒ် ပြည် သို့ စေလွှတ် ကြ၏။

လူတထောင် အုပ် ၊ တရာအုပ်၊ ငါး ဆယ်အုပ် ၊ တဆယ်အုပ်အရာ၌ ခန့် ထား၍၊ လယ် လုပ်ခြင်း၊ စပါး ရိတ် ခြင်း၊ စစ် တိုက်တန်ဆာ ၊ ရထား တန်ဆာ ကိုလုပ် ခြင်း အမှုများကို ဝေဖန်လိမ့်မည်။

¶ သို့ဖြစ်၍ ကိုယ်တော် ကျွန် သည် ကိုယ်တော် ၏ လူ တို့ကို တရားစီရင် နိုင်မည်အကြောင်း ကောင်း မကောင်း ကို ပိုင်းခြား ၍ သိ တတ်သောဉာဏ် ကိုပေး သနားတော်မူ ပါ။ ဤ မျှလောက်များစွာ သော ကိုယ်တော် ၏ လူ တို့ကို အဘယ်သူ သည် ကိုယ်အလိုအလျောက်တရား စီရင်နိုင် ပါ မည်နည်းဟု တောင်းလျှောက် ၏။

¶ အကျွန်ုပ် သည် ကိုယ်တော် ထံမှ ထွက်သွား ၍ အာဟပ် မင်းထံမှာ လျှောက် စဉ်တွင်၊ ထာဝရဘုရား ၏ ဝိညာဉ် တော်သည် အကျွန်ုပ်မ သိ သော အရပ်သို့ ကိုယ်တော် ကို ဆောင် သွားတော်မူလျှင် ၊ အာဟပ်မင်းသည် ကိုယ်တော် ကို မ တွေ့ နိုင်သောအခါ အကျွန်ုပ် ကိုသတ် ပါလိမ့်မည်။ ကိုယ်တော် ကျွန် မူကား ၊ အသက် ငယ်စဉ်ကာလ မှစ၍ ထာဝရဘုရား ကို ရိုသေ ပါပြီ။

သို့ဖြစ်၍ ထာဝရဘုရား ကို ကြောက်ရွံ့ သောစိတ် ရှိ ၍ သတိ ပြုကြလော့။ ငါ တို့ဘုရားသခင် သည် မတရားသောအမှုကို လက်ခံခြင်း၊ လူမျက်နှာ ကို ထောက် ခြင်း၊ တံစိုး စား ခြင်း အခွင့်ရှိတော်မမူဟု မှာထားတော်မူ ၏။

ငါကလည်း ၊ သင် တို့ပြု သော အမှု မ ကောင်း ပါ တကား။ ငါ တို့ ရန်သူ ဖြစ်သော တပါးအမျိုးသား တို့သည် ငါတို့ကိုကဲ့ရဲ့ မည်ဟု စိုးရိမ်၍၊ ငါ တို့၏ ဘုရား သခင်ကို ကြောက်ရွံ့ သောစိတ်နှင့် သင်တို့ကျင့် သင့်သည် မ ဟုတ် လော။

ဆင်းရဲ သောသူတို့၏ အဘ ဖြစ်၏။ အသိအကျွမ်း မ ရှိသောသူ တို့ ၏အမှု ကို ငါနားထောင် ၏။

ကိုယ် ငွေ ကို ချေး ၍ အတိုး မ ယူ၊ အပြစ် မရှိသောသူ ၏တဘက် မှ တံစိုး ကို မ ခံ ဘဲကျင့် သောသူသည် လှုပ်ရှား ခြင်းနှင့် အစဉ် အမြဲကင်းလွတ် လိမ့်မည်သတည်း။

ပြည်သူ ပြည်သားအပြစ် ကြောင့် ၊ မင်း တို့သည် များပြား တတ်ကြ၏။ ဉာဏ် ပညာနှင့် ပြည့်စုံ သောသူအားဖြင့် နိုင်ငံ တည်တတ်၏။

ရာဇ ပလ္လင်သည်လည်း ၊ ကရုဏာ ၌ တည် လိမ့်မည်။ သစ္စာနှင့်ပြည့်စုံ၍၊ ပလ္လင် တော်ပေါ် မှာ ထိုင် တော်မူ သောသူသည် ဖြောင့်မတ် စွာ စစ်ကြော ၍ ၊ တရား မှုကို အလျင် အမြန်ဆုံးဖြတ်တော်မူလျက်၊ ဒါဝိဒ် မင်း၏ တဲ တော်၌ တရား စီရင်တော်မူလိမ့်မည်။

တရား ကို အဘယ်သူ မျှမရှာ ၊ သစ္စာ ကို အဘယ်သူ မျှမစောင့် ၊ အနတ္တ ကို ကိုးစား ၍ မုသာ စကားကို ပြော တတ်ကြ၏။ မ ကောင်းသောအကြံကို ပဋိသန္ဓေ ယူ၍ ၊ အဓမ္မ အမှုကို ဘွား ကြ၏။

¶ ယေရုရှလင် မြို့ကို အပြစ် မှ ငါလွှတ်မည် အကြောင်း၊ တရား သဖြင့် ကျင့် သောမြို့သား၊ သစ္စာ စောင့် သောမြို့သား တစုံတယောက်မျှရှိ လျှင် ၊ ထိုသူ ကို တွေ့ အံ့သောငှါ ၊ မြို့လမ်း တို့၌ တောင်မြောက်ပြေး ၍၊ ကျယ် သော အရပ်တို့၌ ရှာဖွေ ကြည့်ရှု ကြလော့။

သင့် အလယ် ၌လည်း လူအသက် သတ်ခ ကို ခံ ကြ ၏။ အတိုး စား၍ ငွေကိုချေးကြ၏။ အိမ်နီးချင်း ၏ ဥစ္စာကို လုယူ ကြ၏။ ငါ့ ကိုလည်း မေ့လျော့ ကြ၏။

သင်တို့ကျင့် ရမည်အကျင့် ဟူမူကား ၊ သင် တို့ရှိသမျှသည် တယောက် နှင့်တယောက်မှန် သော စကားကို ပြော ကြလော့။ မြို့တံခါးဝ မှာ ဖြောင့်မတ် စွာ စီရင်၍ ၊ တရား တွေ့သည့်အမှုကို ငြိမ်း စေခြင်းငှါဆုံးဖြတ် ကြလော့ ။

တရား မ စီရင်ဘဲ ကြာမြင့် စွာနေ၏။ ထိုနောက် တရားသူကြီး က၊ ငါသည် ဘုရားသခင် ကို မ ကြောက်ရွံ့ ၊ လူ ကို အား မ နာတတ်သောသူ ဖြစ် သော်လည်း ၊

ငွေရတတ် ခြင်းငှာအလိုရှိ သောသူ တို့သည် အပြစ် သွေးဆောင်ခြင်း၊ ဘမ်းမိ ခြင်း၊ မိုက်မဲ ဖျက်ဆီး တတ်သော တပ်မက် ခြင်းများ ထဲသို့ ကျရောက် တတ်ကြ၏။ ထိုသို့သောအားဖြင့်လူ တို့သည် အကျိုးနည်းခြင်း၊ ပျက်စီး ခြင်း၌ နစ်မွန်း တတ်ကြ၏။