ခါနာန် အမျိုးသမီး တို့ကို အဘ ဣဇာက် မ နှစ်သက်ကြောင်း ကို၎င်း၊ ဧသော သိ မြင်လျှင်၊
TSK
TSK · ထွက်မြောက်ရာကျမ်း။ 21:8
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
မိန်းမ နှင့် လက်ထပ် ၍ မ သိမ်း ရသေးသော သူ ရှိ လျှင်၊ မိမိ အိမ် သို့ ပြန် သွားပါလေစေ။ သို့မဟုတ် စစ်တိုက် ရာတွင် သေ ၍ အခြားသော သူ သည် ထို မိန်းမကို သိမ်း လိမ့်မည်ဟု စိုးရိမ်စရာရှိသည်ဟု လူများတို့အား ပြောရကြမည်။
နောက် တဖန် သူ့ ကို မ ချစ် လျှင် ၊ သူ့ အလို အလျောက် သွား သောအခွင့်ကိုပေး ရမည်။ သူ့ ကိုရှုတ်ချ သောကြောင့် ငွေ နှင့် မ ရောင်း ရ၊ ကျွန် အရာ၌ မ ထားရ။
မိဘ တို့က၊ သင် သည် အရေဖျားလှီးခြင်းကိုမခံ သော ဖိလိတ္တိ လူတို့တွင် မယား ကို သွား ၍ ယူ ရမည်အကြောင်း ၊ သင် ၏ညီအစ်ကို သမီး ငါ တို့အမျိုးသား ချင်းသမီးတို့တွင် မိန်းမတယောက်မျှ မ ရှိလောဟု ဆို သော်လည်း ၊ ရှံဆုန် က၊ ထို မိန်းမကို တောင်း ၍ ပေးပါ။ အလွန်နှစ်သိမ့် ပါသည်ဟု အဘ အား ပြောဆို ၏။
ရှောလု က၊ သူတို့သည် ဒါဝိဒ် အား အသောင်းသောင်း ၊ ငါ့ အား အထောင်ထောင် သာ ပေး ကြပြီ။ နိုင်ငံ တော်မှတပါး အဘယ်အရာကို ပေးနိုင်သေးသနည်းဟု အလွန် အမျက် ထွက်၍ ထို စကား ကြောင့် စိတ်ပျက် လေ၏။
ယုဒ အမျိုးသည် သစ္စာ ပျက်၏။ ဣသရေလ ပြည်သူ၊ ယေရုရှလင် မြို့သားတို့သည် ရွံ့ရှာ ဘွယ်သော အမှုကို ပြု ကြ၏။ ယုဒ အမျိုးသည် ထာဝရဘုရား ချစ် တော်မူသော သန့်ရှင်း ခြင်းတရားတော်ကို ရှုတ်ချ ၍ ၊ တပါး အမျိုးဘုရား ၏သမီး နှင့် လက်ထပ် ပါသည်တကား။