အာဗြဟံ ကို လည်း အဘိမလက် ခေါ် ၍ ၊ သင် သည် ငါ တို့၌ အဘယ်သို့ ပြု သနည်း။ သင့် ကို ငါတို့သည် အဘယ်သို့ ပြစ်မှား သောကြောင့် ၊ သင်သည် ငါ ၌ ၎င်း ငါ့ နိုင်ငံ ၌ ၎င်း၊ ကြီးစွာ သော အပြစ် ကိုရောက် စေသနည်း။ သင်သည် မ ပြု အပ်သောအမှု ကို ငါ ၌ ပြု ပါသည်တကားဟု ဆို လေ၏။
TSK
TSK · ထွက်မြောက်ရာကျမ်း။ 32:21
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
သင် ၏ညီအစ်ကို ရင်း၊ သင် ၏သား သမီး ၊ သင် ၏ ရင်ခွင် ၌နေသောမယား ၊ ကိုယ်ကဲ့သို့ မှတ်တတ်သော အဆွေခင်ပွန်းတစုံတယောက်က၊ သွားကြစို့။ သင်လည်း မသိ၊ ဘိုးဘေး တို့လည်း မ သိ သော အခြား တပါးသော ဘုရား ၊
ယခု မှာ ကျွန်တော် သခင် ရှင်ဘုရင် ၊ ကိုယ်တော် ကျွန် စကား ကို နားညောင်း တော်မူပါ။ ထာဝရဘုရား သည် ကိုယ်တော် ကို ကျွန်တော် တစ်ဘက် ၌ နှိုးဆော် တော်မူသည် မှန်လျှင် ၊ ယဇ် ပူဇော်ခြင်းကို လက်ခံ တော်မူပါစေသော။ သို့မဟုတ် လူ သား တို့သည် နှိုးဆော်သည် မှန်လျှင် ၊ ထာဝရဘုရား ရှေ့ တော်၌ ကျိန် ခြင်းကိုခံ ကြပါစေသော။ အကြောင်း မူကား၊ သူတို့က သွား တော့။ အခြား တပါးသော ဘုရား တို့ကို ဝတ်ပြု တော့ဟု ဆို လျက် ကျွန်တော် ကို ထာဝရဘုရား ၏ အမွေ တော်မြေ၌ မနေစေခြင်းငှါယနေ့ ပင် နှင်ထုတ် ကြပါသည်တကား။
¶ ငါ့အမျက် ကို နှိုးဆော်သောအပြစ်နှင့် ဣသရေလ အမျိုးကို ပြစ်မှား စေသောအပြစ်ကြောင့် ၊ သင့် အမျိုး ကို နေဗတ် ၏သား ယေရောဗောင် အမျိုး နှင့် အဟိယ ၏ သား ဗာရှာ အမျိုး ကဲ့သို့ ငါဖြစ် စေမည်။