TSK

TSK · ကမ္ဘာဦးကျမ်း 21:1

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ဘုရား သခင်က၊ သင် ၏မယား စာရာ သည် သင် အား သား ကိုဘွား လိမ့်မည်။ ထို သားကိုလည်း ဣဇာက် အမည် ဖြင့် မှည့် ရမည်။ သူ ၌ ၎င်း သူ့ နောက်မှ သူ ၏ အမျိုးအနွယ် ၌ ၎င်း ငါ ၏ပဋိညာဉ် ကို ထာဝရ ပဋိညာဉ် ဖြစ်စေမည်။

ထိုသူတို့တွင် တပါးကလည်း၊ ဘွားချိန်စေ့သောအခါ၊ ငါသည် သင့် ဆီသို့ ဆက်ဆက်ပြန်လာ ဦးမည်။ ထိုအခါ သင် ၏မယား စာရာ သည် သား ကို ရလိမ့်မည်ဟု ပြောဆို၏။ ထိုသို့ဆိုသောသူ ၏နောက် ၌ တံခါးဝ အနား မှာ၊ စာရာရှိသောကြောင့်ထိုစကားကိုကြား၏။

ယောသပ် ကလည်း ၊ ကျွန်ုပ် သေ တော့မည်။ အကယ် စင်စစ်ဘုရားသခင် သည် သင် တို့ကို အကြည့် အရှု ကြွလာတော်မူမည်။ အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် တို့အား ကျိန်ဆို တော်မူသော ပြည် သို့ ၊ ဤ ပြည် မှ ဆောင်သွား တော်မူမည်ဟု အစ်ကို တို့အား ဆို ၏။

ထိုလူ များတို့သည် ယုံ ကြ၏။ ထာဝရဘုရား သည် ဣသရေလ အမျိုးသား တို့ကို အကြည့် အရှုကြွတော်မူသည် ကို ၎င်း ၊ သူ တို့ခံရသောဆင်းရဲ ခြင်းကို မှတ် တော်မူသည်ကို ၎င်းကြား သောအခါ ၊ ဦးညွှတ် ချ၍ ကိုးကွယ် ကြ၏။

တဖန် ထာဝရဘုရား သည်မိမိ လူ တို့ကိုအကြည့် အရှုကြွ၍ မုန့် ကိုပေး သနားတော်မူကြောင်းကို ထိုမိန်းမသည် မောဘ ပြည် ၌ ကြား သောအခါ ၊ မောဘ ပြည် မှ ပြန် သွားမည်ဟု ချွေးမ နှစ်ယောက်နှင့်အတူ ထ ၍၊

အို ထာဝရဘုရား ၊ အကျွန်ုပ်သည် ရွေးကောက် တော်မူသောသူတို့၏ကောင်းကျိုး ကို မြင် စေခြင်းငှါ ၎င်း၊ ကိုယ်တော် ၏လူမျိုး ဝမ်းမြောက် ခြင်း၌ ဝမ်းမြောက် ၍၊ ကိုယ်တော် ၏အမွေ ဖြစ်သောသူတို့နှင့်အတူ ဝါကြွား ရွှင်လန်းစေခြင်းငှါ ၎င်း၊

ငါသည် သင့် ကို လူမျိုး အများ တို့၏အဘ ဖြစ် စေ၏ဟု ကျမ်းစာ၌ လာ သည်နှင့်အညီ ၊ ထိုအာဗြဟံ သည်ကား၊ သေ လွန်သောသူ တို့ကို ရှင် စေတော်မူထသော၊ မ ဖြစ် သေးသောအရာ တို့ကို ဖြစ် သောအရာကဲ့သို့ မှာထား တော်မူသော ဘုရားသခင် တည်းဟူသော၊ ကိုယ်တိုင်ယုံကြည် သော ဘုရား ရှေ့ တော်၌ ခပ်သိမ်း သောငါ တို့၏ အဘ ဖြစ် သတည်း။

ညီအစ်ကို တို့၊ ငါတို့သည်ဣဇာက် ကဲ့သို့ ဂတိ တော်နှင့်စပ်ဆိုင်သော သား ဖြစ် ကြ၏။