TSK

TSK · ကမ္ဘာဦးကျမ်း 21:33

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ထို အရပ်မှ သွား ပြန်၍ ၊ ဗေသလ မြို့အရှေ့ ၌ ရှိသောတောင် သို့ ပြောင်းသဖြင့်၊ ဗေသလ မြို့အရှေ့၊ အာဣ မြို့ အနောက် စပ်ကြားမှာ တဲ ကိုဆောက် ၍ ၊ ထာဝရဘုရား သို့ ယဇ် ပလ္လင်ကို တည် ပြီးလျှင် ၊ ထာဝရဘုရား ၏ နာမ တော်ကို ပဌာန ပြု၏။

ထို အရပ်၌ ယဇ် ပုလ္လင်ကို တည် ၍ ၊ ထာဝရ ဘုရား ၏ နာမတော် ကို ပဌနာ ပြု၏။ တဲ ကိုလည်း တည်ဆောက် ၍ ၊ ကျွန် တို့သည် ရေတွင်း ကို တူး ကြ၏။

သင် ၏ဘုရားသခင် ထာဝရဘုရား အဘို့ သင် တည် သော ယဇ် ပလ္လင်အနား မှာ အဘယ်သို့သော အာရှရ ပင် ကို မျှ မ စိုက် ရ။

ဣသရေလ အမျိုးသားတို့သည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု ၍ မိမိ တို့ဘုရား သခင်ထာဝရဘုရား ကို မေ့လျော့ သဖြင့်၊ ဗာလ ဘုရားများ၊ အာရှရ ပင်များကို ဝတ်ပြု သောကြောင့်၊

ထာဝရဘုရား သည် အစဉ် အမြဲတည် တော်မူသော ဘုရား သခင်ဖြစ်ကြောင်းကို၎င်း၊ မြေကြီး စွန်း တိုင်အောင် ဖန်ဆင်း တော်မူသောအရှင်ဖြစ်ကြောင်းကို၎င်း၊ မော တော်မူခြင်း၊ ပင်ပန်း တော်မူခြင်းမ ရှိ၊ စစ် ၍ မ ကုန်နိုင် သော ဉာဏ် နှင့် ပြည့်စုံတော်မူကြောင်းကို၎င်း၊ သင်သည် မသိ မကြားဘူးသလော။

ထာဝရဘုရား မူကား ၊ မှန် သောဘုရား ၊ အသက်ရှင် သောဘုရား ၊ နိစ္စ ထာဝရဘုရင် ဖြစ်တော်မူ၏။ အမျက် တော်ထွက်လျှင် မြေကြီး တုန်လှုပ် ရ၏။ လူ အမျိုးမျိုးတို့သည် အမျက် တော်ကို မ ခံ နိုင်ကြ။

အဘယ်သို့ နည်းဟူမူကား၊ ဖန်ဆင်း တော်မူသော အရာများကို ထောက်ရှုသဖြင့် ၊ ထာဝရ တန်ခိုး တော်နှင့် ထာဝရ အဖြစ်တော်တည်းဟူသောမျက်မြင် မရသော ဘုရားသခင်၏ အရာတို့သည် ကမ္ဘာ တည် သည်ကာလမှစ၍ ထင်ရှား လျက်ရှိကြ၏။ ထိုကြောင့် သူ တို့သည် ကိုယ်အပြစ်ကို မ ဖုံးနိုင်ရာ။

လောက ဓါတ်တို့၏ ဘုရင် တည်းဟူသော၊ ဖောက်ပြန် ပျက်စီးခြင်းနှင့်ကင်းလွတ်တော်မူသော၊ မျက်မြင် မရ၊ အရူပဖြစ်တော်မူသော၊ တဆူတည်း သောဘုရားသခင် သည် ကမ္ဘာ အဆက်ဆက် ဂုဏ် အသရေ၊ ဘုန်း အာနုဘော်ရှိတော်မူစေသတည်း။ အာမင် ။