TSK

TSK · ကမ္ဘာဦးကျမ်း 21:9

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ထိုသို့ အာဗြံ သည် ခါနာန် ပြည် ၌ ဆယ် နှစ် နေ ပြီးမှ၊ အာဗြံ ၏မယား စာရဲ သည် မိမိ ကျွန် မအဲဂုတ္တ ပြည်သူဟာဂရ ကိုယူ ၍၊ မိမိ ခင်ပွန်း အာဗြံ သိမ်းပိုက် စေဘို့ အပ်နှင်း လေ၏။

ဣရှမေလ အမှု၌ ကား ၊ သင် ၏စကားကို ငါနားထောင် ၏။ သူ့ ကို ငါကောင်းကြီး ပေး၏။ သူ့ အနွှယ်ကို တိုးပွား စေ၍ သူ့ ကို အလွန် များပြား စေမည်။ သူသည် မင်း သားဆယ် နှစ် ပါးတို့၏အဘ ဖြစ်လိမ့်မည်။ ကြီး သော လူမျိုး ဖြစ် စေခြင်းငှါလည်း ငါပြု မည်။

¶ စာပို့ လုလင်တို့သည် ဧဖရိမ် ခရိုင် ၊ မနာရှေ ခရိုင် တရှောက်လုံး၊ ဇာဗုလုန် ခရိုင်တိုင်အောင် တမြို့ မှ တမြို့သို့ ပြေး ကြ၏။ ပြည်သား တို့သည် ပြက်ယယ် ပြု၍ ကဲ့ရဲ့ ကြ၏။

¶ ထိုသို့ ငါ တို့သည် မြို့ရိုး တည် ကြောင်းကို ၊ သမ္ဘာလတ် သည် သိတင်းကြား သောအခါ ၊ အလွန် ဒေါသ အမျက်ထွက် ၍ ၊ ယုဒ လူတို့ကို ပြက်ယယ် ပြုလျက်၊

အကျွန်ုပ် မူကား ၊ လူ မ ဟုတ်၊ ပိုး ကောင်မျှသာ ဖြစ်ပါ၏။ လူ များ ကဲ့ရဲ့ စရာ၊ လူစု အရှက် ခွဲစရာဘို့ ဖြစ်ပါ၏။

အကျွန်ုပ် တို့ကို အိမ်နီးချင်း များကဲ့ရဲ့ ရာ ပတ်ဝန်းကျင် ၌နေသောသူများပြက်ယယ် ပြု၍ ၊ အရှက် ခွဲရာ ဖြစ်စေခြင်းငှါ စီရင် တော်မူ၏။

ယေရုရှလင် မြို့သည် ဆင်းရဲ ငြိုငြင်ခြင်းကိုခံ ရစဉ် တွင်၊ အရင် ခံစားဘူးသော စည်းစိမ် ကို အောက်မေ့ ၏။ သူ ၏လူ တို့သည် ရန်သူ လက် သို့ ရောက် ၍ မစ သော သူ မရှိသောအခါ ၊ ဆန့်ကျင် ဘက်ပြုသောသူတို့သည် သူ ၏အမှုကိုမြင် ၍ ၊ သူ ၏ဆုံး ခြင်းကို ကဲ့ရဲ့ ကြ၏။

ထိုအခါ ဇာတိ ပကတိအားဖြင့် ဘွား သောသား သည် ဝိညာဉ် တော်အားဖြင့် ဘွားသောသားကို ညှင်းဆဲ သကဲ့သို့ ၊ ထိုနည်းတူ ယခုပင် ဖြစ်၏။