TSK

TSK · ကမ္ဘာဦးကျမ်း 42:21

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ယောသပ် သည် အစ်ကို တို့ထံ သို့ရောက် သောအခါ ၊ သူ ဝတ်သောအင်္ကျီ ၊ အဆင်း ထူးခြားသောအင်္ကျီ ကို ချွတ် ပြီးမှ၊

ထိုအခါ ဖလား တော်ဝန်က ၊ ကျွန်တော် သည် ကိုယ် အပြစ် ကို ယနေ့ အောက်မေ့ ပါ၏။

ထိုသို့မ ပြု လျှင် မူကား ၊ သင်တို့သည် ထာဝရဘုရား ကို ပြစ်မှား ခြင်းရှိသည်အတိုင်း ၊ ထိုအပြစ် သည် သင် တို့ကို လိုက် ၍ မှီလိမ့်မည်။

ဒါဝိဒ် ကလည်း ၊ ငါသည် ထာဝရဘုရား ကို ပြစ်မှား ပါပြီဟု နာသန် အား ဝန်ချ၍ နာသန် က၊ အသက် တော်ကို ချမ်းသာစေခြင်းငှါ၊ ထာဝရဘုရား သည် ကိုယ်တော် အပြစ် ကို ပယ် တော်မူပြီ။

သူကလည်း ၊ ငါသည် ပြစ်မှား ပါပြီ။ မှန် သော တရားကိုမှောက် ပါပြီ။ သို့သော်လည်း ကိုယ် ခံထိုက်သော အပြစ်ကိုမ ခံရ ဘဲ၊

သူတို့သည်အကျဉ်း နေ၍ ဒုက္ခ ကြိုး နှင့် ချည်နှောင် ခြင်းကိုခံရလျှင်၊

ဆင်းရဲ သောသူ၏အော်ဟစ် သံကို မကြားလို၍၊ နား ကိုပိတ် သောသူသည် ကိုယ်တိုင် အော်ဟစ် ၍ ၊ အဘယ် သူမျှမ ကြားရ။

လူ အသက် ကို ညှဉ်းဆဲ သောသူသည် သင်္ချိုင်း တွင်း သို့ ပြေး ပါလေစေ။ အဘယ်သူမျှမ ဆီးတား စေနှင့်။

သင် ၏ ဒုစရိုက် သည် သင့် ကိုဆုံးမ မည်။ သင် ၏ ဖောက်ပြန် ခြင်းသည် သင့် ကို အပြစ် ပေးမည်။ သို့ ဖြစ်၍သင် ၏ဘုရား သခင်ထာဝရဘုရား ကို စွန့်ပစ် သောအမှု၊ ငါ့ ကိုမ ကြောက် ဘဲ နေသောအမှုသည်၊ မကောင်း သော အမှု၊ ခါး သောအမှုဖြစ်သည်ကို သိမြင် ရမည်ဟု ကောင်းကင် ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။

ထိုကြောင့်၊ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင် တို့သည် အသီးအသီး ညီအစ်ကို ချင်း၊ အိမ်နီးချင်း တို့ အား လွတ် ရသောအခွင့်ကို ထင်ရှား စွာ မစီရင်၊ ငါ့ စကား ကို နား မ ထောင်သောကြောင့်၊ ထာဝရဘုရား မိန့် တော်မူသည် ကား၊ ငါ သည် သင် တို့အဘို့ ၊ ထား ဘေး၊ ကာလနာ ဘေး၊ မွတ်သိပ် ခြင်းဘေးတို့အား လွတ် သောအခွင့်ကို ထင်ရှား စွာ စီရင်၍၊ အတိုင်းတိုင်း အပြည်ပြည်တို့၌ အနှောင့် အရှက်ခံ စေမည်။

သင်တို့သည် အကြင်တရားအတိုင်း သူတစ်ပါးကိုစီရင် ကြ၏။ ထိုတရားအတိုင်းစီရင် ခြင်းကို ခံရကြမည်။ အကြင်ချိန်၊ တင်းပမာဏ နှင့် သူတစ်ပါးအား ပေး၏။ ထိုပမာဏ အတိုင်း ကိုယ်ခံရ ကြမည်။

အကျွန်ုပ်၌ ညီ ငါး ယောက်ရှိ ပါသည်ဖြစ်၍ ၊ သူ တို့သည်ဤ ပြင်းပြ စွာခံရာအရပ် သို့ မ ရောက် မည် အကြောင်း ၊ သူ တို့အား သက်သေခံ စေခြင်းငှာ ၊ လာဇရု ကို အကျွန်ုပ် အဘ ၏အိမ် သို့ စေလွှတ် တော်မူပါ။ အကျွန်ုပ်တောင်းပန် ပါ၏ဟု ပြောဆို လျှင်၊

ကရုဏာ မရှိသောသူ သည်၊ ကရုဏာ ကိုမ ရ ဘဲ၊ တရား စီရင်ခြင်းကိုခံရလိမ့်မည်။ ကရုဏာ သည် တရား စီရင်ခြင်းကိုအောင်၍ ဝါကြွား တတ်၏။