TSK

TSK · ကမ္ဘာဦးကျမ်း 49:22

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

နောက် ရသောသားကိုကား၊ ဧဖရိမ် အမည် ဖြင့် မှည့် လေ၏။ အကြောင်း မူကား၊ ဘုရားသခင် သည် ငါ ဆင်းရဲ ခံရသောပြည် ၌ ငါ့ ကိုပွါး များ စေတော်မူပြီဟု ဆိုသတည်း။

¶ နောက်တဖန်ယောသပ် သည် အဘ နာ ကြောင်းကို ကြား သဖြင့် ၊ သား နှစ် ယောက်မနာရှေ နှင့် ဧဖရိမ် ကို ယူ ၍သွား၏။

ယောသပ် ကို ကောင်းကြီး ပေးလျက် ၊ ငါ့ အဘ အာဗြဟံ နှင့် ဣဇာက် ကိုးကွယ်သော ဘုရားသခင် ၊ ငါ့ ကို တသက်လုံး ယနေ့ တိုင်အောင် ကျွေးမွေး တော်မူသောဘုရားသခင် တည်းဟူသော၊

အဘ သည်ငြင်း ၍ ၊ ငါသိ ၏ငါ သား ၊ ငါသိ ၏။ သူသည် ကြီးစွာ သော လူ စုဖြစ် လိမ့်မည်။ သို့သော်လည်း ၊ သူ့ ညီ သည် သူ့ ထက် သာ၍ ကြီးသဖြင့် ၊ သူ ၏ အမျိုး အနွှယ်သည် များစွာ သော လူ အစုစုဖြစ် လိမ့်မည်ဟု ဆို ၏။

ယောသပ် အမျိုးကိုကား ၊ ထို အမျိုးနေသောပြည် သည် အထက်မိုဃ်း ကောင်းကင်ဘဏ္ဍာ အားဖြင့် ၎င်း၊ အောက် အရပ်၌ ပုန်းကွယ် ၍ နက်နဲ သော အရာအားဖြင့် ၎င်း၊

ယောသပ် အမျိုးသား တို့ကလည်း ၊ အကျွန်ုပ် တို့သည် ထာဝရဘုရား ပေးတော်မူသောကောင်းကြီး မင်္ဂလာကိုခံရသဖြင့် အမျိုး ကြီး ဖြစ်၍၊ ကိုယ်တော်သည် တ ဘို့ တ ခရိုင် တည်းကိုသာ အဘယ်ကြောင့် ပေး ပါသနည်းဟု ယောရှု အား မေး လျှောက်ကြသော်၊

¶ ထာဝရဘုရား ကို ကြောက်ရွံ့ ၍၊ လမ်းခရီး တော် သို့ လိုက်သွား သမျှ သောသူတို့ သည် မင်္ဂလာ ရှိကြ၏။

မင်း တို့အသုံးအဆောင်ရာဇလှံတံ ဘို့ ခိုင်ခံ့ သော တံဖျာ တို့နှင့် ပြည့်စုံ ၏။ ထူထပ် ၍များပြား သော အခက်အလက် တို့နှင့် အရပ် မြင့်၍ ထင်ရှား လေ၏။