TSK

TSK · ဟေရှာယအနာဂတ္တိကျမ်း။ 1:21

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

မြစ် တမြစ်ရှိသေး၏။ ထို မြစ် ရေသည်စီး၍ ဘုရား သခင်၏ မြို့ တည်းဟူသောအမြင့်ဆုံး သောဘုရား ကျိန်းဝပ် တော်မူရာ သန့်ရှင်း သော မြို့တော်ကို ရွှင်လန်း စေတတ်၏။

ငါတို့သည် ကြား ဘူးသည်အတိုင်း ၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၏မြို့ ၊ ငါ တို့ဘုရား သခင်၏ မြို့ တော်၌ တွေ့မြင် ရကြ၏။ ဘုရား သခင်သည် မြို့ တော် ကို အစဉ် အမြဲတည် စေတော်မူမည်။

မတရား သောသူသည် ကျေးဇူး ကိုခံရသော်လည်း၊ တရား ကို မ သင် တတ်ပါ။ တရား ကျင့်ရာပြည် ၌ ပင် အဓမ္မ ပြု၍ ၊ ထာဝရဘုရား ၏ ဘုန်း တော်ကို ပမာဏ မ ပြု တတ်ပါ။

¶ ယောက်ျား စွန့်ပစ် သော မိန်းမ သည် ထွက် သွား၍၊ အခြား သောသူ ၏မယားဖြစ် ပြီးမှ၊ အရင်လင်သည် ထိုမိန်းမ ကို ပြန် ၍ယူ သင့်သလော။ ထို သို့ပြုသောပြည် သည် ညစ်ညူး သည်မ ဟုတ်လောဟု ဆိုလေ့ရှိလျက် နှင့်၊ သင် သည်များစွာ သော ရည်းစား တို့၌မှီဝဲ၍ မှားယွင်း သော်လည်း ၊ ငါ့ ထံသို့ ပြန် လာပါဟု ထာဝရဘုရား မိန့် တော်မူ ၏။

ဧဖရိမ် သည် မုသာ စကားနှင့် ၎င်း ၊ ဣသရေလ သည် လှည့်စား ခြင်းနှင့် ၎င်း ငါ့ ကို နှောင့်ရှက် တတ်၏။ ယုဒ သည်လည်း ဘုရား သခင့်ထံ ၊ သန့်ရှင်း ၍ သစ္စာ စောင့်တော်မူသောဘုရားသခင့်ထံမှလွှဲ၍ လှည့်လည် တတ်၏။

¶ အိုယေရုရှလင် မြို့၊ ယေရုရှလင် မြို့၊ သင်သည် ပရောဖက် တို့ကိုသတ် မြဲရှိ၏။ သင် ရှိရာ သို့ စေလွှတ် သောသူ တို့ကိုလည်းကျောက်ခဲ နှင့်ပစ်မြဲရှိ၏။ ကြက်မ သည် မိမိ သားငယ် တို့ကို အတောင် အောက် ၌ စုရုံးသကဲ့သို့ သင် ၏သား တို့ကို စုရုံး စေခြင်းငှာကြိမ်ဖန် များစွာငါအလိုရှိ ၏။ သင်မူကား အလို မ ရှိ။

သင်တို့သည် ဇိအုန် တောင် သို့၎င်း ၊ အသက် ရှင်တော်မူသော ဘုရားသခင် ၏ မြို့ တော်တည်းဟူသောကောင်းကင် ယေရုရှလင် မြို့သို့၎င်း၊ အတိုင်းမသိ များစွာသော ကောင်းကင် တမန်တို့၏ စည်းဝေး ခြင်းသို့၎င်း၊

သူ တို့သခင် သည် လက်ဝါးကပ်တိုင် မှာ အသေခံတော်မူသော အရပ် တည်းဟူသောသောဒုံ ဟူ၍၎င်း၊ အဲဂုတ္တု ဟူ၍၎င်း အတွင်းအနက်အားဖြင့်ခေါ်ဝေါ် သော မြို့ ကြီး ၏ လမ်း ၌ အလောင်း ကောင်တို့သည် နေရစ်ကြလိမ့်မည်။