TSK

TSK · ဟေရှာယအနာဂတ္တိကျမ်း။ 13:2

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

နောဘ မြို့၌ တရက်နေပြီးမှ၊ ဇိအုန် သတို့သမီး ၏ တောင် တည်းဟူသောယေရှုရှလင် တောင် ကိုရွယ်၍၊ မိမိ လက် ကို လှုပ် လိမ့်မည်။

ထာဝရဘုရား သည်လည်း ၊ အဲဂုတ္တု ပင်လယ် ၏ လျှာ ကိုဖျောက်ဖျက် တော်မူမည်။ ပြင်း စွာသောလေ တော် နှင့်တကွ လက် တော်ကိုမြစ် ပေါ် မှာလှုပ် ၍ ၊ ချောင်း ခုနစ် သွယ်ဖြစ်စေခြင်းငှါ ရိုက်ခတ် တော်မူသဖြင့် ၊ လူတို့သည် ခြေနင်း စီးလျက် ကျော် သွားကြလိမ့်မည်။

¶ အကြင်သူ၏ရှေ့မှာ အပြည်ပြည် တို့ကို နှိမ့်ချ ၍၊ ရှင်ဘုရင် တို့ကို တန်ဆာ ချွတ် လျက်၊ အတွင်းတံခါး တို့ကို မ ပိတ် ရဘဲ၊ နှစ်ရွက်ရှိသောတံခါး တို့ကို ဖွင့် ခြင်းငှါ ၊ အကြင်သူ ၏ လက်ျာလက် ကို ငါထောက်မ ၏။ ထိုသူ တည်းဟူသောကုရုမင်း ၊ ထာဝရဘုရား ပေးတော်မူ၍ ဘိသိက် ခံသောမင်း အား မိန့် တော်မူသည်ကား၊

လူမျိုး တို့တွင် သိတင်းကြားပြော ကြလော့။ ဝှက် ၍ မ ထားဘဲအလံ ကို ထူ ၍ ကြော်ငြာ ကြလော့။ ကြားပြော ရသောစကားဟူမူကား၊ ဗာဗုလုန် မြို့ကို တိုက်ယူ ကြပြီ။ ဗေလ ဘုရားသည် အရှက်ကွဲ ပြီ။ မေရောဒပ် ဘုရားသည် ကျိုး ပြီ။ ဗာဗုလုန်ရုပ်တု ဆင်းတု တို့သည် အရှက်ကွဲ ၍ကျိုးပဲ့ လျက်ရှိကြ၏။

ထိုပြည် ၌ အလံ ကိုထူ ကြလော့။ အပြည်ပြည် တို့၌ တံပိုး ကိုမှုတ် ၍၊ လူ အမျိုးမျိုးတို့ကိုသူ ၏ တဘက် ၌ပြင်ဆင် ကြလော့။ အာရရတ် ပြည်၊ မိန္နိ ပြည်၊ အာရှကေနတ် ပြည် တို့ကို သူ ၏တဘက် ၌ စည်းဝေး စေကြလော့။ ဗိုလ်ချုပ် မင်းကိုခန့်ထား ၍၊ အမွေးကြမ်း သော ကျိုင်းကောင် ကဲ့သို့ မြင်း စီးသူရဲတို့ကို စစ်ချီ စေကြလော့။