TSK

TSK · ဟေရှာယအနာဂတ္တိကျမ်း။ 21:16

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

မိမိ အမျိုးအနွယ် အလိုက် ၊ ဣရှမေလ သား များအမည် ဟူမူကား ၊ သား အကြီး နဗာယုတ်။ ထိုနောက် ကေဒါ ၊ အာဒဗေလ ၊ မိဗသံ၊

¶ လူ တို့သည် မြေကြီး ပေါ် မှာ ပင်ပန်းစွာအမှု ထမ်း ရသည် မ ဟုတ်လော။ သူ နေရသော နေ့ ရက်တို့သည် အငှါး ခံသောသူ၏ နေ့ ရက်ကဲ့သို့ ဖြစ်သည်မဟုတ်လော။

အိုယေရုရှလင် မြို့သမီး တို့၊ ငါ သည်ကေဒ တဲ ကဲ့သို့ မည်း သောအဆင်းရှိသော်လည်း ၊ ရှောလမုန် မင်း၏ ကုလားကာ ကဲ့သို့ တင့်တယ် သေး၏။

တော နှင့်တကွ တော၌ရှိသောမြို့ ရွာ၊ ကေဒါ အရပ်သား တို့သည် ကြွေးကြော် ကြစေ။ ကျောက် ၌ နေ သောသူတို့ သည် သီချင်းဆိုကြစေ။ တောင် ထိပ် ပေါ် က ကြွေးကြော် ကြစေ။

ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ လုပ်ကြံ သော ကေဒါ ပြည်နှင့် ဟာဇော် နိုင်ငံ တို့ကို ရည်မှတ် ၍ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထ ကြလော့။ ကေဒါ ပြည်သို့ သွား ၍၊ အရှေ့ မျက်နှာအရပ်သား တို့ကို လုယူ ကြလော့။