သင် ၏စိတ် နှလုံးထဲမှာ ကြောက်ရွံ့ ရသောအကြောင်း ၊ သင့် မျက်စိ နှင့် မြင် ရသောအရာကြောင့် ၊ နံနက် အချိန်၌ သင်က၊ ညဉ့် ရောက် ပါစေဟူ၍၎င်း၊ ညဉ့် အချိန်၌ နံနက် ရောက် ပါစေဟူ၍၎င်း ဆုတောင်း ရလိမ့်မည်။
TSK
TSK · ဟေရှာယအနာဂတ္တိကျမ်း။ 21:4
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
အဗရှလုံ ကလည်း ၊ အာမနုန် သည် စပျစ်ရည် ကို သောက်၍ ရွှင်လန်း သောအခါ စောင့်နေကြ။ အာမနုန် ကို ထိုး ခုတ်ကြဟု ငါဆို သောအခါ ၊ သေ အောင်လုပ်ကြံကြ။ မ စိုးရိမ် ကြနှင့်။ ငါ စီရင် သည်မ ဟုတ်လော။ အားယူ ၍ ရဲရင့် ခြင်းရှိ ကြလော့ဟု မိမိ ကျွန် တို့အား မှာ ထားနှင့်သည် အတိုင်း၊
မိဖုရား ဧသတာ သည် မိမိပြင်ဆင် သော ပွဲ သို့ ငါ မှတပါး ၊ အဘယ်သူကိုမျှ ရှင်ဘုရင် နှင့်အတူ မ ဝင် စေ။ နက်ဖြန် နေ့၌ လည်း ရှင်ဘုရင် နှင့်အတူ ငါ့ ကို ဘိတ် ပြန်၏။
သူ တို့သူငယ် များကို သိုးစု ကဲ့သို့ လွှတ် ၍ ၊ သား သမီးတို့သည် ကခုန် တတ်ကြ၏။
သေရည် သေရက်ကို သောက်အံ့သောငှါ၊ နံနက် စောစော ထ၍ စပျစ်ရည်နှင့် ယစ်မူးအံ့သောငှါ၊ ညဉ့် ကိုလည်း လွန် စေတတ်သောသူတို့ သည် အမင်္ဂလာ ရှိကြ၏။
သူတို့သည်ပျော်မွေ့ ကြမည်အကြောင်း နှင့်၊ နောက်တဖန်မ နိုး ဘဲ၊ အစဉ်မပြတ် အိပ်ပျော် မည် အကြောင်း၊ သူတို့သည် ရွှင်လန်းအားကြီးသောအခါ၊ သောက်စရာဘို့ ငါတိုက်၍ ယစ်မူး စေမည်။
¶ တရံရောအခါဗေလရှာဇာ မင်းကြီး သည် မှူးမတ် တထောင် ကို ခေါ်ပြီးလျှင်ကြီး စွာသော ပွဲ ကို လုပ် ၍ ၊ မှူးမတ်တထောင် နှင့်တကွစပျစ်ရည် ကို သောက် တော်မူ၏။
ထိုညဉ့် ၌ပင် ခါလဒဲ ရှင် ဘုရင် ဗေလရှာဇာ မင်းသည် အသက် ဆုံး၍၊
သင်တို့သည် ကိုယ်ကိုကိုယ် သတိပြု ကြလော့။ သို့မဟုတ် အစား အသောက်လွန်ကြူးခြင်း၊ လောကီ စိုးရိမ် ခြင်းအားဖြင့်စိတ် နှလုံးပင်ပန်း လျက်နေစဉ်၊ ထို နေ့ရက် သည် အမှတ်တမဲ့ သင် တို့နှင့် တွေ့ကြုံလိမ့်မည်။