TSK

TSK · ဟေရှာယအနာဂတ္တိကျမ်း။ 23:1

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ရာမ မြို့၊ ခိုင်ခံ့ သောတုရု မြို့ ၊ ဟောသ မြို့သို့ လှည့် လျက် ၊ ပင်လယ် ကမ်းပါးမှစ၍ အာခဇိပ် မြို့တိုင်အောင် ပင်လယ် ၌ ဆုံး လေ၏။

¶ ရှင် ဘုရင်သည် တာရှု သင်္ဘော ကို ဟိရံ မင်း သင်္ဘော နှင့်အတူ စေလွှတ်သဖြင့်၊ သုံး နှစ် တခါ တာရှု သင်္ဘော သည် ပြန်လာ ၍ ရွှေ ၊ ငွေ ၊ ဆင်စွယ် ၊ မျောက် များ၊ ဒေါင်း များကို ဆောင် ခဲ့တတ်၏။

ရှင်ဘုရင် ၏သင်္ဘော သည် ဟိရံ မင်းကျွန် တို့နှင့် တာရှု မြို့သို့ သွား တတ်သဖြင့်၊ သုံး နှစ် တခါ တာရှု သင်္ဘော သည် ပြန်လာ ၍ ရွှေ ၊ ငွေ ၊ ဆင်စွယ် ၊ မျောက် များ၊ ဒေါင်း များကို ဆောင် ခဲ့၏။

တာရှု သင်္ဘော အပေါင်း တို့ကို၎င်း ၊ နှစ်သက် ဘွယ်သော ရူပါရုံ အလုံးစုံ တို့ကို၎င်းဆီးတားလိမ့်မည်။

ငိုကြွေး သောအသံသည် မောဘ ပြည် ကို နှံ့ပြား လေ၏။ ညဉ်းတွား မြည်တမ်း သော အသံသည် ဧဂလိမ် မြို့ တိုင်အောင် ၎င်း ၊ ဗေရဧလိမ် မြို့ တိုင်အောင်၎င်း ရောက်လေ၏။

ခိတ္တိမ် ကျွန်း တို့သို့ကူး ၍ ကြည့်ရှု ကြလော့။ ကေဒါ ပြည်သို့ လူကို စေလွှတ် ၍ ၊ ထို သို့ ဖြစ် ဘူးပြီလောဟု စေ့စေ့ ကြည့်ရှု ဆင်ခြင်ကြလော့။

ဣသရေလ အမျိုး၏ဘုရား သခင်ထာဝရဘုရား ကလည်း ၊ အမျက် တော်စပျစ်ရည် ဖလား ကို ငါ့ လက် မှ ခံယူ လော့။ ငါ သည်သင့် ကို စေလွှတ် သော လူမျိုး အပေါင်း တို့ကို သောက် စေလော့။

အကြောင်း မူကား၊ ဖိလိတ္တိ အမျိုးသားတို့ကို ဖျက်ဆီး ရသောနေ့ ၊ တုရု မြို့၊ ဇိဒုန် မြို့ကို စစ်ကူ နိုင်သောသူ အကျန် အကြွင်းရှိသမျှ ကို ပယ်ဖြတ် ရသောနေ့သည် ရောက် ၍၊ ထာဝရဘုရား သည် ဖိလိတ္တိ အမျိုးသားနှင့် ကျန်ကြွင်း သော ကတ္တောရ ပြည်သားတို့ကို သုတ်သင် ပယ်ရှင်းတော်မူမည်။

အကြောင်းမူကား၊ ခိတ္တိမ် သင်္ဘော တို့သည် ထိုသူ ကို ဆီးတားကြလိမ့်မည်။ ထိုကြောင့် ၊ စိတ်နာ လျက် ပြန် သွား၍ သန့်ရှင်း သော ပဋိညာဉ် တရားကို အမျက် ထွက်သည်အတိုင်းပြု ပြီးမှပြန် သွားစဉ်တွင်၊ သန့်ရှင်း သော ပဋိညာဉ် တရားကို စွန့်ပစ် သောသူတို့ နှင့် အဆွေဖွဲ့လိမ့်မည် ။

တဖန် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ တုရု မြို့သည် ညီအစ်ကို ချင်းဖွဲ့သောမိဿဟာယ ကို မ စောင့် ၊ ချုပ် ထားသော သူ အပေါင်း တို့ကို ဧဒုံ မင်း၌ အပ် သောအပြစ် သုံး ပါးမက ၊ အပြစ်လေး ပါးကြောင့် ငါသည် ဒဏ် မ ပေးဘဲမနေ။

ဖြစ်ရ လေခြင်း၊ ဖြစ်ရ လေခြင်း၊ ပိတ်ချော ၊ အဝတ်နီ ၊ အဝတ်မောင်း ကို ဝတ် ၍၊ ရွှေ တန်ဆာ၊ ကျောက် မြတ် တန်ဆာ၊ ပုလဲ တန်ဆာကို ဆင် သောမြို့ ကြီး ၊