ဘုရားသခင်ကလည်း၊ သင်သည် အဘယ်သို့ ပြု ပြီးသနည်း။ သင် ညီ အသွေး ၏အသံ သည် မြေ ထဲက ငါ့ ကို အော်ဟစ် လျက်ရှိသည်တကား။
TSK
TSK · ဟေရှာယအနာဂတ္တိကျမ်း။ 26:21
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
အိုမြေကြီး ၊ ငါ့ အသွေး ကိုဖုံး ၍ မ ထားပါနှင့်။ ငါ အော်ဟစ် ခြင်းအသံကို သင်၌မ နေ စေနှင့်။
ထိုလောကီ နိုင်ငံ၏ အပြစ် ကို၎င်း ၊ မတရား သောသူတို့ ၏ ဒုစရိုက် များကို၎င်းငါစစ်ကြော မည်။ မာန ကြီး သောသူတို့၏ ထောင်လွှားခြင်းကို ငါနှိပ်စက် ၍၊ ကြမ်းကြုတ် သောသူတို့၏ စော်ကား ခြင်းကို ငါနှိမ့်ချ မည်။
သို့ဖြစ်၍၊ ဣသရေလ အမျိုး၏ သန့်ရှင်း သော ဘုရား မိန့် တော်မူသည်ကား ၊ သင် တို့သည် နှုတ်ကပတ် တော်ကို ပယ် ၍ ၊ လိမ် ကောက် ယိုယွင်းခြင်းကို သာ မှီဝဲ ခိုလှုံ သောကြောင့်၊
တဖန်တုံ ၊ အချင်းလူသား ၊ ငါ သည် ငါ ၏ သန့်ရှင်း ရာဌာနနှင့် ဝေး စွာသွားစေခြင်းငှါ သူ တို့ပြု ကြ သောအမှု ၊ ဤ အရပ်၌ ဣသရေလ အမျိုး ပြု သော၊ အလွန် စက်ဆုပ် ရွံ့ရှာဘွယ်သော အမှုတို့ကို မြင် ပြီလော ။ တဖန် လှည့် ၍သွားဦးလော့။ သာ၍ ကြီး သော ရွံရှာဘွယ် အမှု တို့ကို မြင် လိမ့်မည်ဟု မိန့် တော်မူလျက်၊
ဝင် သောအခါ ခေရုဗိမ် တို့သည် အိမ် တော် လက်ျာ ဘက်မှာ ရပ် ၍ ၊ အတွင်း တန်တိုင်း သည် မိုဃ်းတိမ် နှင့် ပြည့် ၏။
အကြောင်းမူကား ၊ ထိုမြို့သတ်သောသူ ၏ အသွေး သည် မြို့ အလယ် ၌ ရှိ၏။ ထိုအသွေးကိုမြေမှုန့် နှင့် ဖုံး ခြင်းငှါ မြေ ပေါ်မှာ သွန်း သည်မ ဟုတ်၊ ရှင်းလင်း သော ကျောက် ပေါ်မှာ တင် ထားပြီ။
အကြောင်း မူကား၊ ငါ သည် ဧဖရိမ် ၌ ခြင်္သေ့ ကဲ့သို့ ၎င်း ၊ ယုဒ အမျိုး ၌ ခြင်္သေ့ ပျိုကဲ့သို့ ၎င်း ဖြစ်မည်။ ငါ သည် ကိုယ်တိုင်ကိုက် ဖြတ်၍ သွား မည်။ ချီသွား ၍ အဘယ် သူမျှမ နှုတ်ရ။
လူမိုက် တို့၊ အပြင် ကို ဖန်ဆင်း သောသူ သည် အတွင်း ကိုလည်း ဖန်ဆင်း တော်မူသည်မဟုတ် လော။
ဘုရားသခင် ကို မ သိ သောသူ ၊ ငါ တို့သခင် ယေရှု ခရစ်၏ ဧဝံဂေလိ တရားကို နား မ ထောင်သောသူ တို့ကို မီး လျှံ အားဖြင့် ဒဏ် ပေး တော်မူသောအခါ၊ သင် တို့ကို ဆင်းရဲ စေဘူးသော သူ တို့၌ဆင်းရဲ ခြင်းကို၎င်း၊ ဆင်းရဲ ခံရဘူးသော သင် တို့၌ ငါ တို့နှင့်အတူ ချမ်းသာ ခြင်းကို၎င်း၊
ပဉ္စမ တံဆိပ် ကိုဖွင့် သောအခါ ၊ ဘုရားသခင် ၏ နှုတ်ကပတ် တော်ကြောင့် ၎င်း ၊ မိမိတို့သက်သေခံ ချက်ကြောင့် ၎င်း၊ အသေ သတ်ခြင်းကိုခံရသောသူ တို့၏ ဝိညာဉ် များကို ယဇ်ပလ္လင် အောက် ၌ ငါမြင် ၏။
ပရောဖက် တို့၏ အသွေး ၊ သန့်ရှင်း သူတို့၏ အသွေး၊ မြေကြီး ပေါ်မှာ ကွပ်မျက် သောသူ အပေါင်း တို့၏ အသွေးကို ထိုမြို့ ၌ တွေ့ ၏။