စီရင် တော်မူချက်တို့ကို အကျွန်ုပ် မြော်လင့် သည် ဖြစ်၍ ၊ အကျွန်ုပ် ၏ နှုတ် ထဲက သစ္စာ စကား ကို အလျှင်း ရုပ်သိမ်း တော်မ မူပါနှင့်။
TSK
TSK · ဟေရှာယအနာဂတ္တိကျမ်း။ 59:21
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
¶ ယေရှဲ အမျိုးအငုတ် ၌ အတက် ပေါက် လိမ့်မည်။ သူ ၏အမြစ် တို့တွင် အညွန့် သည် အသီးသီး လိမ့်မည်။
ထာဝရဘုရား မိန့် တော်မူသည်ကား ၊ နှစ်သက် ဘွယ်သော အချိန် ၌ သင် ၏စကားကို ငါနားထောင် ပြီ။ ကယ်တင် ရာကာလ ၌ သင့် ကို မစ ပြီ။ သင့် ကိုလည်း ငါ စောင့်ရှောက် ၍ ၊ သင်သည် ပြည် တော်ကို ပြုပြင် လျက်၊ ဆိတ်ညံ သော အမွေ ခံရာအရပ်တို့ကို အမွေ ပေးစေမည် အကြောင်း၊
နူးညွတ်သော နား နှင့် ငါ့ ထံသို့ လာ ကြလော့။ နားထောင် ကြလော့။ သို့ပြုလျှင် သင် တို့၏ ဝိညာဉ် သည် အသက် ရှင်ရလိမ့်မည်။ ငါသည်လည်း ၊ သင် တို့နှင့် ထာဝရ ပဋိညာဉ် ပြု ၍၊ ဒါဝိဒ် ၌ မြဲမြံ သော ကျေးဇူးတော်ကို သင်တို့အားပေး မည်။
ငါ ဖန်ဆင်း သော ကောင်းကင် သစ် နှင့် မြေကြီး သစ် သည် ငါ့ ရှေ့ ၌ တည် သကဲ့သို့ ၊ သင် တို့၏အမျိုး အနွယ်နှင့် သင် တို့၏ နာမ သည်လည်း တည် ရလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါသည် ဤလူမျိုး ၏ဘိုးဘေး တို့ကိုလက်ဆွဲ ၍ အဲဂုတ္တု ပြည် မှ ဆောင်သွား သောအခါ၊ သူတို့၌ငါပေးသောပဋိညာဉ်တရားနှင့် ခြားနားသောပဋိညာဉ်တရား သစ် ကို ဣသရေလ အမျိုးသား ၊ ယုဒ အမျိုးသား တို့၌ ငါပေး သောအချိန် ကာလရောက် လိမ့်မည်။
သူတို့သည် ငါ ၏ လူ ဖြစ် ကြလိမ့်မည်။ ငါ သည် လည်း သူ တို့၏ ဘုရား သခင်ဖြစ် မည်။
ငါ ၏ကျွန် ယာကုပ် အား ငါပေး ၍၊ သင် တို့ဘိုးဘေး များနေ ဘူးသော ပြည် ၌ သူ တို့နှင့် သား မြေး အစဉ်အဆက် တို့သည် နေ ကြလိမ့်မည်။ ငါ ၏ကျွန် ဒါဝိဒ် သည် လည်း သူ တို့ကို အစဉ်အမြဲ စိုးစံလိမ့်မည်။
ငါသည် ကိုယ် ဝိညာဉ် ကို ဣသရေလ အမျိုးသား အပေါ်သို့ သွန်းလောင်း သောအခါ၊ သူ တို့တွင် တယောက် ကိုမျှ နောက် တဖန်ငါမစွန့်ပစ် ၊ ငါ့ မျက်နှာ ကိုလည်း မ လွှဲ ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
ဘုရားသခင် စေလွှတ် တော်မူသောသူ သည် ဘုရားသခင် ၏စကား တော်ကို ပြောဆို တတ်၏။ ထိုသူ အား ဘုရားသခင်သည် ဝိညာဉ် တော်ကို အတိုင်း အရှည် မ ရှိဘဲ ပေး တော်မူ၏။
¶ ယေရှု ကလည်း၊ ငါ ဟောသောဒေသနာ သည် ငါ ၏ဒေသနာမ ဟုတ်။ ငါ့ ကိုစေလွှတ် တော်မူသောသူ ၏ ဒေသနာဖြစ်၏။
ငါသည်ငါ့ ခမည်းတော် ထံ၌ မြင် ခဲ့ပြီးသည့်အတိုင်း ဟောပြော ၏။ သင်တို့သည် သင် တို့၏အဘ ထံ၌ မြင် ခဲ့ပြီးသည်အတိုင်း ပြု ကြ၏ ဟု မိန့် တော်မူ၏။
သို့သော်လည်း ဘုရားသခင် ဝိညာဉ် တော်သည် သင် တို့အထဲ ၌ကျိန်းဝပ် တော်မူလျှင် ၊ သင်တို့သည် ဇာတိ ပကတိဘက် ၌ရှိ ကြသည်မ ဟုတ်။ ဝိညာဉ် ပကတိဘက် ၌ ရှိကြ၏။ ခရစ်တော် ၏ဝိညာဉ် ကိုမ ရ သော သူ မည်သည်ကား ခရစ်တော် နှင့် မ ဆိုင်။
ထိုမျှမက ဝိညာဉ် တော်တရား သည် ဘုန်း အာနုဘော်နှင့် အလွန် ပြည့်စုံရ လိမ့်မည်မ ဟုတ်လော။
ထိုမှတစ်ပါး ၊ ယေရှုသည် သာ၍ မြတ်သော ဂတိ တော်တို့၌ တည် သော၊ သာ၍ မြတ်သော ပဋိညာဉ် တရား၏ အာမခံ ဖြစ်သည်နှင့်အညီ၊ သာ၍မြတ် သော ဝတ်ပြု ခြင်း အခွင့်အရာကို ရတော်မူ ၏