သင် တို့၌ ငါ ပြု လတံ့သောအမှုဟူမူကား ၊ သင် တို့၌ မျက်စိ ပျက် လျက် ၊ စိတ်ပူပန် လျက် ရှိစေခြင်းငှါ၊ ထိတ်လန့် သော သဘော၊ တူလာ ၊ ဖျားနာ တို့ကို သင်တို့အပေါ်မှာ ငါခန့် ထားမည်။ သင် တို့သည် မျိုးစေ့ ကို ကြဲ သော်လည်းအကျိုး မရှိ။ ရန်သူ တို့သည် အသီးအနှံကို စား ကြလိမ့်မည်။
TSK
TSK · ဟေရှာယအနာဂတ္တိကျမ်း။ 65:21
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
¶ တဖန် ဣသရေလ အမျိုးသားတို့သည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု သောကြောင့် ၊ သူ တို့ကို မိဒျန် အမျိုးလက် ၌ ခုနစ် နှစ် ပတ်လုံးအပ် တော်မူသဖြင့်၊
သင်မှတ်ရသောနိမိတ် လက္ခဏာဟူမူကား၊ ယခုနှစ် တွင် အလိုလိုကြီး ရင့်သော အသီးအနှံကို၎င်း၊ ဒုတိယ နှစ် တွင် ထိုအတူ ပေါက် သောအရာများကို၎င်းသင်တို့သည် စား ရမည်။ တတိယ နှစ် တွင် မျိုးစေ့ကိုကြဲ ၍ စပါးကိုရိတ် ကြလော့။ စပျစ် ဥယျာဉ်ကိုလည်း စိုက် ၍ အသီး ကို စား ကြလော့။
အို ဣသရေလ သတို့သမီး ကညာ၊ သင့် ကိုတဖန် ငါတည်ဆောက် သောကြောင့် ၊ သင်သည် တည်ဆောက် ခြင်းသို့ ရောက်လိမ့်မည်။ သင်သည် တဖန် ပတ်သာ နှင့် တန်ဆာ ဆင်လျက် ၊ ရွှင်မြူး ခြင်းကို ပြုသောသူတို့နှင့် အတူက ခုန်လျက်သွား လိမ့်မည်။
သိမ်းသွား ခြင်းကို ခံရသောငါ ၏လူ ဣသရေလ အမျိုးသားတို့ကို တဖန် ငါဆောင် ခဲ့သဖြင့် ၊ သူတို့သည် ပျက်စီး သောမြို့ များကို ပြုပြင် ၍ နေကြလိမ့်မည်။ စပျစ် ဥယျာဉ်များကို စိုက် ၍ စပျစ်ရည်ကို သောက် ကြလိမ့်မည်။ လယ်ယာ များကို ပြုစု ၍ အသီး တို့ကို စား ကြလိမ့်မည်။