TSK

TSK · ယေရမိအနာဂတ္တိကျမ်း။ 13:21

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ထိုကြောင့် အာခတ် သည် အာရှုရိ ရှင်ဘုရင် တိဂလတ် ပိလေသာထံသို့ သံတမန် ကို စေလွှတ် ၍၊ ကျွန်ုပ် သည် ကိုယ်တော် သား ၊ ကိုယ်တော် ကျွန် ဖြစ်ပါ၏။ လာ ပါ။ ကျွန်ုပ် ကို ရန်ဘက် ပြုသောရှုရိ ရှင်ဘုရင် နှင့် ဣသရေလ ရှင်ဘုရင် လက် မှ ကယ်ယူ ပါဟု တောင်းပန် ၏

နာ ခြင်းဝေဒနာ အမျိုးမျိုးကိုခံရ ကြလိမ့်မည်။ သားဘွား သော မိန်းမကဲ့သို့ ဝေဒနာ ကို ခံရလျက်၊ တယောက် ကိုတယောက်ကြည့်ရှု ၍မှိုင်တွေသဖြင့်၊ သူ တို့ မျက်နှာ သည် မီးလျှံ အဆင်း ရှိလိမ့်မည်။

ဟေဇကိ မင်းသည် သူ တို့ရောက်သောကြောင့်ဝမ်းမြောက် ၍ ၊ ရွှေတိုက် မှစသောရွှေ ၊ ငွေ ၊ နံ့သာ မျိုး၊ အဘိုးထိုက် သော နံ့သာ ဆီ၊ လက်နက် တိုက် နှင့် ဘဏ္ဍာ တော်အလုံးစုံ တို့ကို ပြ လေ၏။ နန်းတော် မှစ၍ နိုင်ငံ တော်အရပ်ရပ် ၌ မ ပြ သော အရာ တစုံတခုမျှ မ ရှိ။

ပရောဖက် တို့သည် မဟုတ် မမှန်ဟော ပြောကြ ၏။ ယဇ် ပုရောဟိတ်တို့သည် ဝန်ခံ၍ အစိုးရ ကြ၏။ ထို သို့သောအမှုကို ငါ ၏လူ တို့သည် နှစ်သက် ကြ၏။ ထို အမှုဆုံး သောအခါ သင်တို့သည် အဘယ် သို့ပြု ကြလိမ့်မည်နည်း။

အာရဇ် ပင်တို့၌ အသိုက် လုပ်တတ်သော လေဗနုန် တောင်သား ၊ သားဘွား ခြင်းဝေဒနာကို မိန်းမခံရသကဲ့သို့ ၊ သင် သည်နာကျင် ခြင်းဝေဒနာ ကိုခံရ သောအခါ ၊ အဘယ် မျှလောက်သနား ဘွယ်ဖြစ်လိမ့်မည်တကား။

နန်းတော် ၌ ကျန် ကြွင်းသမျှ သော မိန်းမ တို့ကို ဗာဗုလုန် ရှင်ဘုရင် ၏မှူးမတ် တို့ထံသို့ ထုတ် ဆောင်ကြ လိမ့်မည်။ ထိုမိန်းမ တို့ကလည်း ၊ ကိုယ်တော် ၏အဆွေ ခင်ပွန်းတို့သည် သွေးဆောင် ၍ နိုင် ကြပြီ။ ခြေ တော်သည် ရွှံ့ ၌ ကျွံ ၍၊ သူတို့သည် ဆုတ် သွားကြပြီဟု ကိုယ်တော်အား ဆို ကြလိမ့်မည်။

သင့် အသက် ကိုသတ် သောသူတို့ လက် တွင် ၊ သင်သည် ဘုရားသခင် မ ဟုတ်၊ လူ သက်သက်ဖြစ်လျက် နှင့်၊ ငါ သည် ဘုရား ဖြစ်သည်ဟု သင့် အသက် ကိုသတ် သောသူတို့ရှေ့မှာ အမှန်ပြော လိမ့်မည်လော။