ငါ့ လက် ကို ငါဆန့် ၍ သင် နှင့် သင် ၏လူ တို့ကို ကာလနာ ဖြင့် ဒဏ်ခတ် မည်။ သင့်ကိုလည်း မြေကြီး ပေါ် က သုတ်သင် ပယ်ရှင်းမည်။
TSK
TSK · ယေရမိအနာဂတ္တိကျမ်း။ 21:5
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
သင် တို့၏ ဘုရားသခင် ထာဝရဘုရား သည်၊ အဲဂုတ္တု ပြည်မှာ သင် တို့မျက်မှောက် ၌ ပြု တော်မူသကဲ့သို့ ၊ စုံစမ်း ခြင်းနိမိတ် လက္ခဏာနှင့် အံ့ဘွယ် သောအမှုတို့ကို ပြခြင်း၊ စစ်မှု ကိုရောက်စေခြင်း၊ အားကြီး သော လက်ရုံး တော်ကို ဆန့် ခြင်း၊ ကြောက်မက် ဘွယ်သော ရူပါရုံတို့ကို ပြခြင်းအားဖြင့်၊ အခြား တပါးသော ဘုရား သည် သွား ၍ လူ တမျိုးထဲက တမျိုးကို မိမိ အဘို့ နှုတ်ယူ ဘူးသလော။
ရှေ့ ၌ကား ရှုရိ လူ၊ နောက် ၌ ကား ဖိလိတ္တိ လူတို့ သည် ပစပ် ဟ၍၊ ဣသရေလ အမျိုးကို ကိုက် စားကြ လိမ့်မည်။ သို့သော်လည်း၊ အမျက် တော်သည် မ ငြိမ်း ၊ လက် တော်သည် ဆန့် လျက်ရှိသေး ၏။
မနာရှေ အမျိုးသည် ဧဖရိမ် အမျိုးကို၎င်း ၊ ဧဖရိမ် အမျိုးသည် မနာရှေ အမျိုးကို၎င်းကိုက်စားကြလိမ့်မည်။ ထိုနှစ် မျိုးတို့သည် ယုဒ အမျိုးကို တညီတညွတ်တည်းရန်ပြုကြလိမ့်မည်။ သို့သော်လည်း၊ အမျက် တော်သည် မ ငြိမ်း ၊ လက် တော်သည် ဆန့် လျက်ရှိသေး ၏။
သူ တို့သည်လည်း ပုန်ကန် ၍ ၊ သန့်ရှင်း သော ဝိညာဉ် တော်ကို နာ စေကြ၏။ ထိုကြောင့် ၊ သူ တို့ကို ရန်ဘက် ပြု၍ စစ်တိုက် တော်မူ၏။
အို အရှင် ထာဝရဘုရား ၊ ကိုယ်တော် သည် မဟာ တန်ခိုး နှင့် လက်ရုံး တော်ကိုဆန့် ၍၊ ကောင်းကင် နှင့် မြေကြီး ကို ဖန်ဆင်း တော်မူပြီ။ ကိုယ်တော် မ တတ်နိုင် သော အရာ တစုံတခု မျှ မ ရှိပါ။
ရန်သူ ကဲ့သို့ လေး ကိုတင် လျက်၊ ရန်ဘက် ပြုသောသူကဲ့သို့ လက်ျာ လက်ကို ချီ ကြွလျက်၊ တင့်တယ် ခြင်း အသရေရှိသော သူအပေါင်း တို့ကိုသတ် တော်မူပြီ။ ဇိအုန် သတို့သမီး ၏နေရာ တဲ ပေါ် မှာမီး ကဲ့သို့ သော အမျက် တော်ကို သွန်းလောင်း တော်မူ၏။
ကိုယ်တော် ကြောင့် တောင် တို့သည် တုန်လှုပ် လျက် ၊ ကုန်း တို့သည် အရည် ကျိုလျက် ၊ ရှေ့ တော်၌ မြေကြီး နှင့် လောကဓါတ် မှစ၍ လောက သားအပေါင်း တို့သည် ရွေ့ လျက်ရှိကြ၏။