TSK

TSK · ယေရမိအနာဂတ္တိကျမ်း။ 25:21

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

အိုထာဝရဘုရား ၊ ယေရုရှလင် မြို့၏ နေ့ရက်အချိန်ရောက်သောအခါ၊ မြို့ရိုး ကို အမြစ် တိုင်အောင် ရှင်း လိုက်ကြ၊ ရှင်း လိုက်ကြဟု ဆို ကြသော ဧဒုံ အမျိုးသား တို့ကို အောက်မေ့ တော်မူပါ။

အကြောင်း မူကား၊ ထာဝရဘုရား ၏ လက် တော် သည် ဤ တောင် ပေါ် မှာ ငြိမ်း လိမ့်မည်။ ကောက်ရိုး သည် နောက်ချေး ရွှံ့ပွက်၌ နှိပ် နင်းခြင်းကိုခံရသကဲ့သို့ ၊ မောဘ ပြည်သည် မိမိ ၌ နှိပ် နင်းတော်မူခြင်းကိုခံရလိမ့်မည်။

¶ တင့်တယ် သော အဝတ် တန်ဆာဆင်ခြင်း၊ ကြီး သောတန်ခိုး ကြောင့် ဝါကြွားခြင်းရှိ၍၊ ပန်းဆိုး သော အဝတ် ကိုဝတ်လျက်၊ ဧဒုံ ပြည်ဗောဇရ မြို့မှ လာ သော ဤ သူကား၊ အဘယ်သူ ဖြစ်ပါလိမ့်မည်နည်း။ ဖြောင့်မတ်ခြင်းတရား ကို ဟော ၍၊ ကယ်တင် ခြင်းငှာ တန်ခိုးကြီး သောငါ ပေတည်း။

ထာဝရဘုရား သည် ငါ့ အား မိန့် တော်မူသည် ကား ၊ ကြိုး နှင့် ထမ်းဘိုး များကိုလုပ် ၍ ၊ သင် ၏လည်ပင်း ၌ တပ် လော့။

¶ ဣသရေလ အမျိုး၏ ဘုရားသခင် ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် မောဘ ပြည်ကို ရည်မှတ်၍ မိန့် တော်မူသည်ကား၊ နေဗော မြို့သည် အမင်္ဂလာ ရှိ၏။ ပျက်စီး ခြင်းသို့ရောက်လေ၏။ ကိရယသိမ် မြို့သည် ရှုံး၍လုယူ ခြင်းကို ခံရ၏။ မိသဂပ် မြို့ သည်လည်း ရှုံး၍ စိတ်ပျက် လေ၏။

ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် ဧဒုံ ပြည်ကို ရည်မှတ် ၍ မိန့် တော်မူသည်ကား၊ တေမန် ပြည်၌ ပညာ ကုန် သလော။ ပညာ သတိရှိသောသူတို့သည် အကြံ မပေးနိုင်သလော။ သူ တို့ဉာဏ် သည် ဆုံး သလော။

မောဘ ပြည်ကို လည်း ငါသည် အပြစ်ဒဏ် စီရင် ၍ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သူတို့သိ ကြရလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။

¶ အရှင် ထာဝရဘုရား သည် ဧဒုံ ပြည်ကို ရည်မှတ် ၍ မိန့် တော်မူသည်ကား၊ ထာဝရဘုရား ကြွေးကြော် တော်မူ သံကို ငါတို့သည် ကြား ကြ၏။ သင်တို့ထ ၍ ဧဒုံ ပြည်ကို တိုက် ခြင်းငှါ စစ်ချီ ကြလော့ဟု၊ တပါးအမျိုးသား တို့ထံ သို့ သံတမန် ကို စေလွှတ် တော်မူပြီ။

မောဘ အမျိုးသားနှင့် အမ္မုန် အမျိုးသား တို့သည် ငါ ၏လူမျိုး ကို ကဲ့ရဲ့ အပြစ်တင်၍ ၊ ငါ၏လူနေရာ တဘက် ၌ ဝါကြွား သော စကားကို ငါကြား ပြီ။