TSK

TSK · ယောဘဝတ္ထု။ 21:5

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

သူတို့က တိတ်ဆိတ် စွာနေပါ။ ကိုယ်တော် နှုတ် ကို လက် နှင့်ပိတ် ၍ အကျွန်ုပ် တို့နှင့် ကြွ ပါ။ အကျွန်ုပ် တို့ အဘ လုပ် ပါ။ ယဇ်ပုရောဟိတ် လုပ်ပါ။ တ အိမ်ထောင် ၌ သာ ယဇ်ပုရောဟိတ် လုပ် ကောင်း သလော။ ဣသရေလ အမျိုး အနွှယ် တို့တွင် တမျိုးတနွယ် လုံး၌ ယဇ်ပုရောဟိတ် မလုပ် ကောင်းသလောဟုဆို ကြသော်၊

ဖြောင့်မတ် သောသူတို့ သည် ဤ အမှုကြောင့် မိန်းမော တွေဝေကြလိမ့်မည်။ အပြစ် ကင်းလွတ်သောသူတို့ သည် အဓမ္မ လူများတစ်ဘက် က ကိုယ်ကိုကိုယ်နှိုးဆော် ကြလိမ့်မည်။

မင်းသား တို့သည် စကား မပြောဘဲနေ၍ ၊ မိမိ တို့ နှုတ် ကို လက် နှင့် ပိတ် ကြ၏။

ကိုယ်တော် စီရင် တော်မူရာ ဖြစ်သောကြောင့် ၊ အကျွန်ုပ်ပြော စရာမရ။ နှုတ် ကို မ ဖွင့် ဘဲနေရပါ၏။

ထိုသို့ သောကာလ သည် ဆိုးယုတ် သောကာလ ဖြစ်သောကြောင့် ၊ ပညာရှိ သောသူသည် တိတ်ဆိတ် စွာ နေလိမ့်မည်။

ဘုရားသခင် ၏ပညာ နှင့် ဉာဏ် တော်သည် အလွန်ကျယ်ဝန်း နက်နဲ စွတကား။ စီရင် တော်မူချက်တို့ကို အဘယ်သူ မျှစစ် ၍ မကုန်နိုင်။ ကြွတော်မူရာလမ်း တို့ကို လိုက် ၍ရှာသော်လည်းမတွေ့မမှီနိုင်။