အချိန် တန်မှ ငါသည် သင် တို့အဘို့ မိုဃ်း ရွာစေ သဖြင့် ၊ မြေ သည် မိမိ ဘဏ္ဍာ ကိုပေး ၍ ၊ ဥယျာဉ် အပင် တို့သည် အသီး သီး ကြလိမ့်မည်။
TSK
TSK · ယောလအနာဂတ္တိကျမ်း။ 2:23
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ထာဝရဘုရား သည် အချိန်တန် မှ သင် ၏ပြည် ၌ မိုဃ်း ရွာ စေခြင်းငှာ ၎င်း၊ သင် ပြု လေရာရာ ၌ ကောင်းကြီး ပေးခြင်းငှာ ၎င်း ၊ ဘဏ္ဍာ တော်တိုက် တည်းဟူသောမိုဃ်းကောင်းကင် ကို ဖွင့် တော်မူမည်။ သင်သည် လူမျိုး များတို့အား ချေးငှား ရသောအခွင့် ရှိလိမ့်မည်။ သူတို့သည် သင့် အား ချေးငှား ရသောအခွင့် မ ရှိရ။
¶ ပြည် တော်၌ အစာအာဟာရခေါင်းပါး သော်၎င်း၊ လေ ထိ၍ အပင်သေသော်၎င်း၊ အရည် ယို၍ သေသော်၎င်း၊ အရာဘကျိုင်း ၊ ခါသိလ ကျိုင်း ကိုက်စားသော်၎င်း၊ ရန်သူ တိုက်လာ၍ မြို့ကို ဝိုင်းထား သော်၎င်း၊ ဘေးဥပဒ် ၊ အနာ ရောဂါတစုံတခု ရောက် သောအခါ၊
ဒဏ်ခတ် သော်၎င်း ၊ မြေ တော် ကို ပြုစုသော်၎င်း ၊ ချမ်းသာ ပေးသော်၎င်း လာ စေတော်မူ ၏။
ဖြောင့်မတ် သောသူတို့၊ ထာဝရဘုရား ၌ ဝမ်းမြောက် ရွှင်လန်းကြလော့။ သဘော ဖြောင့် သောသူ တို့၊ ရွှင်လန်း စွာ သီချင်း ဆိုကြလော့။
¶ လာကြ။ ထာဝရဘုရား အား ရွှင်လန်းစွာသီချင်း ဆိုကြကုန်အံ့။ ငါ တို့သည် ကယ်တင် ခြင်းသို့ရောက် ရာ ကျောက် ကို ကျူးဧ ကြကုန်အံ့။
ကောင်းကင် ကို မိုဃ်းတိမ် များနှင့် ဖုံးလွှမ်း သဖြင့်၊ မြေကြီး ဘို့ မိုဃ်း ရေကိုပြင်ဆင် ၍၊ တောင် များပေါ်မှာ မြက်ပင် ကိုပေါက် စေတော်မူ၏။
ရှင်ဘုရင် မျက်နှာ ပွင့်လန်း သောအားဖြင့် အသက် ချမ်းသာရ၏။ ကျေးဇူး တော်သည် နောက် ရွာ သော မိုဃ်းတိမ်ကဲ့သို့ ဖြစ်၏။
သင်သည် လက်ျာ ဘက်၊ လက်ဝဲ ဘက်သို့လမ်းလွဲလျှင်၊ ဤမည်သောလမ်းသည် မှန်၏။ ဤ လမ်း ၌သွား လော့ဟု သင့် နောက် ၌ ပြောသောစကား သံကို ကိုယ် နား နှင့် ကြား ရလိမ့်မည်။
သူ တို့ကို လှေ့ ၍ ၊ လေ သည် သူ တို့ကို တိုက် သွား လိမ့်မည်။ မုန်တိုင်း လွှင့် လိမ့်မည်။ သင် မူကား ထာဝရဘုရား ၌ ဝမ်းမြောက် လိမ့်မည်။ ဣသရေလ အမျိုး၏ သန့်ရှင်း သော ဘုရား၌ ဝါကြွား လိမ့်မည်။
မိုဃ်း ခေါင် ၍ နောက် မိုဃ်းတိုင်အောင်မ ရွာ သော်လည်း ၊ သင် သည် ပြည်တန်ဆာ နဖူး ရှိ၍၊ ရှက် ခြင်း သဘောကိုပယ်ရှား ပြီ။
အမြတ် ဆုံးသော ရွှေ နှင့်အမျှ အလွန် အဘိုးထိုက် သော ဇိအုန် မြို့သား တို့ကို၊ အိုးထိန်း သမား လုပ် သောမြေ အိုး ကဲ့သို့ မှတ် တတ်သည်တကား။
ပညာ ကိုလည်း ရကြလိမ့်မည်။ ထာဝရဘုရား ကို သိ ခြင်းငှါ လိုက် ရှာကြလိမ့်မည်။ ထွက် တော်မူချိန်သည် နံနက် ကဲ့သို့ ဖြစ် လိမ့်မည်။ ရွာသောမိုဃ်း နှင့် မြေ အပေါ်သို့ ရွာ သော နောက် မိုဃ်းကဲ့သို့ သက်ရောက် တော်မူလိမ့်မည်။
စပါးရိတ်ရာကာလမရောက်မှီ သုံး လ အထက်က၊ မိုဃ်းမရွာစေခြင်းငှါမိုဃ်း ကိုငါ ဆီးတား ပြီ။ မြို့တမြို့ပေါ်မှာ ရွာစေခြင်းငှါ၎င်း ၊ တမြို့ပေါ်မှာမရွာစေခြင်းငှါ၎င်း ပြုလျက်၊ မြေတကွက်သည် မိုဃ်းရေကိုခံရ၍ တကွက်သည် မခံရ၊ သွေ့ခြောက် လျက် နေရ၏။
သို့သော်လည်း ၊ ထာဝရဘုရား ၌ ငါဝမ်းမြောက် ၍၊ ငါ့ ကို ကယ်တင် တော်မူသောဘုရား သခင်ကို အမှီပြု လျက် ရွှင်လန်း မည်။
အိုဇိအုန် သတို့သမီး ၊ အလွန် ဝမ်းမြောက် လော့။ အိုယေရုရှလင် မြို့သတို့သမီး ၊ ကြွေးကြော် ကြလော့။ တရား သဖြင့် စီရင်၍ ကယ်တင် ခြင်းသို့ ရောက်သော သခင် ၊ သင် ၏အရှင် မင်းကြီးသည် မြည်းမ နှင့် မြည်း ကလေး ကို စီး ၍ နူးညံ့ သိမ်မွေ့သောစိတ် နှင့် သင် ရှိရာသို့ ကြွ လာတော်မူသည်ကို ကြည့်ရှု လော့။
¶ နောက် မိုဃ်းရွာရာကာလ တွင် မိုဃ်း ရွာစေမည် အကြောင်း၊ ထာဝရဘုရား ထံ တော်၌ ဆုတောင်း ကြလော့။ ထာဝရဘုရား သည် လျှပ်စစ် ကိုပြင်ဆင် ၍ များစွာမိုဃ်း ရွာ စေသဖြင့်၊ ခပ်သိမ်း သောလူတို့အဘို့ လယ်ပြင် ၌ အပင် ပေါက်စေတော်မူမည်။
မာရိ ကလည်း ၊ ငါ့ စိတ် နှလုံးသည် ထာဝရဘုရား ကို ချီးမွမ်း ၏။
ထိုသို့ နှင့်အညီကျမ်းစာ၌လာသည်ကား၊ မြင့် သောအရပ်သို့ တက်ကြွ တော်မူသဖြင့်၊ များစွာသော သူတို့ကို ဘမ်း သွားတော်မူ၍၊ လူ တို့အား ဆုလာဒ် များကို ပေး တော်မူသည်ဟုလာ သတည်း။
ငါ တို့သည် စိတ်ဝိညာဉ် အားဖြင့်ဘုရားသခင် ကို ကိုးကွယ် ၍ ၊ ဇာတိ ၌ ကိုးစား ခြင်းမ ရှိဘဲ၊ ယေရှု ခရစ် ၌ သာ ဝါကြွား ဝမ်းမြောက်သောသူ ဖြစ်၍၊ မှန်သောအရေဖျားလှီး ခြင်းကို ခံသောသူဖြစ် ကြ၏။
ထိုကြောင့် ၊ ညီအစ်ကို တို့၊ သခင် ဘုရားကြွလာ တော်မူသည်တိုင်အောင် သည်းခံ လျက် စောင့် နေကြ လော့။ အကယ်၍လယ် လုပ်သော သူသည်အရင် မိုဃ်း၊ နောက် မိုဃ်းကိုရ သည်တိုင်အောင် ၊ အဘိုး ထိုက်သော မြေ အသီး ကို သည်းခံ လျက် စောင့် နေ၍ မြော်လင့် တတ်၏။