TSK

TSK · ရှင်ယောဟန်ခရစ်ဝင်။ 1:49

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ငါ ၏ ရှင်ဘုရင်ကို သန့်ရှင်း သော ဇိအုန် တောင် တော်ပေါ် မှာ၊ ငါ့ ကိုယ်တိုင်ဘိသိတ် ပေးပြီဟု မိန့်တော်မူ မည်။

ဒါဝိဒ် မင်း၏ ရာဇ ပလ္လင်ပေါ် မှာထိုင်၍၊ နိုင်ငံ တော်ကို နောင်ကာလအစဉ်မပြတ်၊ တရား တော်အတိုင်း ဖြောင့်မတ် စွာစီရင်၍အမြဲတည် စေတော်မူမည်အကြောင်း ၊ အာဏာ တော် တိုးတက် ခြင်းနှင့် ငြိမ်သက် တော်မူခြင်း သည် နိစ္စ အမြဲရှိလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် အလို တော်အားကြီး၍၊ ထို အမှုကို ပြီးစီး စေတော်မူလိမ့်မည်။

အရှင် ထာဝရ ဘုရား၏ အမိန့် တော်ကိုလည်း ဆင့်ဆို ရမည်မှာ၊ ဣသရေလ အမျိုးသား တို့ရောက် သော တပါး အမျိုးသား နေရာအရပ်ရပ် တို့မှ သူ တို့ကိုငါ ခေါ် ခဲ့၍ စုဝေး စေပြီးလျှင် ၊ သူ တို့ကို နေရင်းပြည် သို့ ပို့ဆောင် မည်။

ထိုနောက်မှ ဣသရေလ အမျိုးသား တို့သည် ပြန် လာ၍ ၊ သူ တို့ဘုရား သခင်ထာဝရဘုရား ကို၎င်း ၊ သူ တို့ရှင်ဘုရင် ဒါဝိဒ် ကို၎င်းရှာ ၍ ၊ နောင် ကာလ ၌ ကျေးဇူး တော်ကိုခံ အံ့သောငှါ ၊ ထာဝရဘုရား ထံ တော်သို့ တုန်လှုပ် လျက် ပြေးကြလိမ့်မည်။

ထာဝရဘုရား သည် သင် ၏အပြစ် ဒဏ်တို့ကို ပပျောက် စေ၍၊ သင် ၏ရန်သူ တို့ကို ပယ်ရှား တော်မူပြီ။ ဣသရေလ အမျိုး၏ ရှင် ဘုရင်ထာဝရဘုရား သည် သင့် အလယ် ၌ ရှိတော်မူ၏။ သင်သည် နောက် တဖန်ဘေးဥပဒ် နှင့်မ တွေ့ မကြုံရ။

အိုဇိအုန် သတို့သမီး ၊ အလွန် ဝမ်းမြောက် လော့။ အိုယေရုရှလင် မြို့သတို့သမီး ၊ ကြွေးကြော် ကြလော့။ တရား သဖြင့် စီရင်၍ ကယ်တင် ခြင်းသို့ ရောက်သော သခင် ၊ သင် ၏အရှင် မင်းကြီးသည် မြည်းမ နှင့် မြည်း ကလေး ကို စီး ၍ နူးညံ့ သိမ်မွေ့သောစိတ် နှင့် သင် ရှိရာသို့ ကြွ လာတော်မူသည်ကို ကြည့်ရှု လော့။

ယေရှု သည် မြို့ဝန်မင်း ရှေ့ သို့ရောက် တော်မူသည်ရှိသော် မြို့ဝန်မင်း က၊ သင် သည် ယုဒ ရှင်ဘုရင် မှန် သလောဟု မေး လျှင် ၊ ယေရှု က၊ မင်းကြီး မေး သည်အတိုင်း မှန်သည်ဟု မိန့် တော်မူ၏။

ထာဝရ ဘုရား၏ အခွင့် နှင့် ကြွလာ တော်မူသော ရှင်ဘုရင် သည် မင်္ဂလာ ရှိစေသတည်း။ ကောင်းကင် ဘဝဂ် ဝယ် ဘုန်းကြီး ပါစေသတည်းဟု ကြွေးကြော် ကြ၏။

ငါ သည်မြင် ၍ ဤသူ သည် ဘုရားသခင် ၏ သား တော်ဖြစ် တော်မူကြောင်း ကို သက်သေခံ သည်ဟု ယောဟန် ဆို လေ၏။

စွန်ပလွံ ခက် များကိုကိုင် လျက်၊ ကိုယ်တော် ကို ခရီးဦးကြိုပြု အံ့သောငှာ ထွက်သွား ကြ၍ ၊ ဟောရှဏ္ဏ ဖြစ်စေသတည်း။ ထာဝရ ဘုရား၏အခွင့် နှင့် ကြွလာ တော်မူသော ဣသရေလ ရှင်ဘုရင် သည် မင်္ဂလာ ရှိစေသတည်းဟု ကြွေးကြော် ကြ၏။

ပိလတ် မင်းသည်လည်း ကမ္ဗည်း လိပ်စာကိုရေး ၍ လက်ဝါးကပ်တိုင် တော်၌ တပ် လေ၏။ လိပ်စာချက်ဟူမူကား၊ ယုဒ ရှင်ဘုရင် ၊ နာဇရက် မြို့သားယေရှု ဟု ရေး ထားသတည်း။