စိမ်းလန်း သော ကျက်စား ရာအရပ်၌ ငါ့ ကို အိပ် စေတော်မူ၏။ သာယာ သောမြစ် နား သို့ လမ်းပြ တော်မူ၏။
TSK
TSK · ရှင်ယောဟန်ခရစ်ဝင်။ 10:3
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
¶ သိုးစု ကို ပို့ဆောင် သကဲ့သို့ ယောသပ် အမျိုးကို ပို့ဆောင်တော်မူသော ဣသရေလ သိုးထိန်း ကြီး၊ နားထောင် တော်မူပါ။ ခေရုဗိမ် တွင် ကျိန်းဝပ် တော်မူသော ဘုရား၊ ရောင်ခြည် တော်ကို လွှတ်တော်မူပါ။
မိမိ သိုးစု ကို သိုးထိန်း ကဲ့သို့ ကျွေးမွေး တော်မူ မည်။ သိုးသငယ် တို့ကို ချီ ၍ ပိုက် ပွေ့တော်မူမည်။ သားငယ် ရှိသောသိုးမတို့ကိုလည်း ဖြည်းညှင်းစွာ ပို့ဆောင် တော်မူမည်။
ထွက် ကြလော့ဟု ချုပ်ထား သောသူတို့ အား ၎င်း၊ ပေါ် လာကြလော့ဟု မှောင်မိုက် ထဲမှာ နေသောသူ တို့အား ၎င်း ပြော စေမည်အကြောင်း ၊ လူမျိုးအား ပဋိညာဉ်တရား ကို ပြုစရာဘို့ သင့်ကို ခန့်ထားမည်။ သို့ဖြစ်၍၊ ထိုသူတို့ သည် လမ်း ခရီးတို့အနား မှာ စား ရ၍ ၊ မြင့် သော အရပ်ရပ်တို့၌ ကျက်စား ရာကို တွေ့ရကြလိမ့်မည်။
သူ တို့ကို မြောက် ပြည် မှ ငါ ဆောင် ခဲ့၍၊ မြေကြီး စွန်း မှ စုသိမ်း မည်။ မျက်စိ ကန်းသောသူ၊ ခြေဆွံ့ သောသူ၊ ကိုယ်ဝန် ဆောင်သောမိန်းမ၊ သားဘွား ခြင်းဝေဒနာကို ခံရသောမိန်းမများလည်းပါ လျက်၊ ကြီး စွာသော အစည်း အဝေးတို့သည် ပြန် လာကြလိမ့်မည်။
အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ သည် ကိုယ်တိုင် လိုက် ၍ ငါ့ သိုး တို့ကိုရှာ မည်။
အနာဂတ္တိ ကျမ်းစာ ၌ လာ သည်ကား၊ ထိုသူအပေါင်း တို့သည် ဘုရားသခင် ဆုံးမ သွန်သင်တော်မူသောသူဖြစ် ကြလိမ့်မည်ဟုလာသည်နှင့်အညီ။ ခမည်းတော် ထံ၌ နားထောင် ၍ နည်းခံ သောသူ မှန်သမျှ တို့သည် ငါ့ ထံသို့ လာ ကြ၏။
ငါ သည် ကောင်း သောသိုးထိန်း ဖြစ် ၏။ ခမည်းတော် သည် ငါ့ ကိုသိ တော်မူ၍၊ ငါ သည်လည်း ခမည်းတော် ကို သိ သကဲ့သို့ ငါ ၏သိုးကိုလည်း ငါသိ ၏။ ငါ့ သိုးတို့သည်လည်း ငါ့ ကိုသိ ကြ၏။
သို့သော်လည်း သင် တို့သည် မ ယုံ ကြ။ အဘယ်ကြောင့်မယုံသနည်းဟူမူကား ၊ သင်တို့သည် ငါ့ သိုး တို့ အဝင် မ ဟုတ် ။ အထက်က ငါပြောသည်အတိုင်း၊
အကြောင်းမူကား ၊ အလွန်ကြီးစွာ သော တံခါး သည် အဆင်သင့် ၍ ငါ့ အားဖွင့် လျက်ရှိ၏။ တားဆီး သော သူအများ လည်း ရှိကြ၏။
ငါသည် ခရစ်တော် ၏ နက်နဲ သောအရာကြောင့် အချည်အနှောင် ခံရသည်ဖြစ်၍။
ကိုယ်ဟောပြော ပြုစုသော အရာ များတို့သည်၊ ကိုယ် အဘို့မ ဟုတ်၊ သင် တို့အဘို့ဖြစ်သည်ဟု ထိုသူ တို့ အားဖွင့်ပြ တော်မူ၏။ ကောင်းကင် ဘုံမှ စေလွှတ် တော်မူသောသန့်ရှင်း သော ဝိညာဉ် တော်ပါလျက် ၊ သင် တို့အား ဧဝံဂေလိ တရားကို ဟောပြောသောသူ တို့သည်၊ ထို အရာများကို သင် တို့အား ယခု ကြားပြော ကြပြီ။ ထိုအရာ တို့ကို ကောင်းကင်တမန် တို့သည် စေ့စေ့ကြည့်ရှု စဉ်းစားချင် သောစေတနာ စိတ်ရှိကြ၏။
ငါ သည်တံခါး ရှေ့ မှာရပ်၍ ခေါက် လျက်နေ၏။ အကြင်သူ သည် ငါ ၏အသံ ကို ကြား ၍ တံခါး ကိုဖွင့် အံ့၊ ထိုသူ ရှိရာ သို့ငါဝင် ၍ သူ နှင့်အတူ စား သောက်မည်။ သူ သည်လည်း ငါ နှင့်အတူ စားသောက်ရလိမ့်မည်။
အသက် စာစောင် ၌ စာရင်းမ ဝင်သောသူ ရှိသမျှ တို့ကိုလည်း မီး အိုင် ထဲသို့ ချပစ် လေ၏။