TSK

TSK · ရှင်ယောဟန်ခရစ်ဝင်။ 12:20

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ကြည့်ရှု လော့။ မှောင်မိုက် သည် မြေကြီး ကို ဖုံးလွှမ်း လိမ့်မည်။ ထူထပ်သော မှောင်မိုက် သည် လူ များကို ဖုံးလွှမ်းလိမ့်မည်။ သို့ သော်လည်း၊ သင် ၏အပေါ် မှာ ထာဝရဘုရား သည် ပေါ် ထွန်းတော်မူ၍ ၊ ဘုန်း တော်သည် သင် ၏အပေါ် မှာ ထင်ရှား လျက် ရှိလိမ့်မည်။

မိမိ သမီး ထဲက နတ်ဆိုး ကို နှင်ထုတ် တော်မူမည်အကြောင်း တောင်းပန် လေ၏။ ထို မိန်းမ ကား ၊ ဟေလသ အမျိုး ၊ ရှုရိဖိနိတ် ပြည်သူဖြစ် သတည်း။

ထိုအခါ အဲသယောပိ ပြည်ကိုအစိုးရ သော မိဖုရား ကန္ဒက် ထံ၌ဘုန်းကြီးသောအမတ်ဖြစ်၍၊ ဘဏ္ဍာ တော်ရှိသမျှ ကို အုပ်စိုး ရသော အဲသယောပိ ပြည်သားတစ်ယောက်သည် ကိုးကွယ် ခြင်းငှာယေရုရှလင် မြို့ သို့ သွား ၍၊

¶ ထိုနောက်မှပေါလုသည် ဒေရဗေ မြို့နှင့် လုတ္တရ မြို့သို့ ရောက် လေ၏။ လုတ္တရ မြို့၌ တိမောသေ အမည် ရှိသော တပည့် တော်တစ် ယောက်ရှိ ၏။ သူ၏ အမိကား၊ ယုံကြည် သောယုဒ မိန်းမဖြစ်၏။ အဘ ကား၊ ဟေလသ လူဖြစ်၏။

ဘုရားသခင့် ရှေ့ တော်၌ နောင်တရ ခြင်းတရားကို၎င်း၊ ငါ တို့သခင် ယေရှု ခရစ်ကို ယုံကြည် ခြင်းတရားကို၎င်း ၊ယုဒ လူ၊ ဟေလသ လူတို့အား သက်သေခံ သည် အကြောင်းအရာကို သင်တို့ သိကြ၏။

ငါသည်ခရစ်တော်၏ ဧဝံဂေလိ တရားကြောင့် ၊ ရှက်ကြောက် ခြင်းမ ရှိ။ အကြောင်းမူကား ၊ ထိုတရားသည် ရှေးဦးစွာ ၌ ယုဒ လူ၊ နောက်၌ ဟေလသ လူ၊ ယုံကြည် သမျှသောသူအပေါင်း တို့ကို ကယ်တင် စေသော ဘုရားသခင် ၏တန်ခိုး တော်ဖြစ် ၏။

သို့သော်လည်း ငါ နှင့်အတူ ပါသော ဟေလသ အမျိုးတိတုကို အရေဖျားလှီး ခြင်းကို မ ခံ စေ ကြ။

ထို ဖန်ဆင်းပြုပြင်တော်မူရာ၌ ဟေလသ လူမ ရှိ ၊ ယုဒ လူမရှိ၊ အရေဖျားလှီး မင်္ဂလာခံခြင်းမရှိ၊ မခံခြင်းမရှိ၊ လူရိုင်း မရှိ၊ သကုသိ လူမရှိ၊ ကျွန် မရှိ၊ လူ လွတ်မရှိ၊ ခရစ်တော် သည် အလုံးစုံ တို့၌ အလုံးစုံ ဖြစ်တော်မူ၏။။