TSK

TSK · ရှင်ယောဟန်ခရစ်ဝင်။ 12:32

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

မောရှေ သည် ကြေးဝါ ဖြင့် မြွေ ကို လုပ် ၍ တိုင် ပေါ်မှာ မြှောက်ချီ ထားပြီးလျှင် ၊ မြွေ ကိုက် သောသူမည်သည်ကား၊ ကြေးဝါ မြွေ ကို ကြည့်ရှု သောအခါ အသက် ချမ်းသာရကြ၏။

ဒါဝိဒ် ၏ ကျွန် တို့သည် အဗရှလုံ ကိုတွေ့ ကြ၏။ သူသည်မြည်း ကို စီး လျက် ပင်မြည်း သည် ကြီး သော သပိတ် ပင်အကိုင်း အခက်အောက် သို့ဝင် ၍၊ အဗရှလုံ ၏ ခေါင်း သည်သပိတ် ပင်၌ ငြိ သဖြင့် ၊ မိုဃ်း နှင့် မြေကြီး စပ်ကြား မှာ တွဲလွဲဆွဲ လျက်နေ၍ ၊ မြည်း သည် အလိုအလျောက်သွား လေ၏။

ကျွန်မ ကို သွေးဆောင် တော်မူပါ။ ကျွန်မတို့ သည် နောက်တော်သို့ပြေး ၍ လိုက်ကြပါမည်။ အရှင် မင်းကြီးသည် အိမ်တော်အတွင်း ခန်းထဲသို့ ကျွန်မ ကို ဆောင် ခဲ့တော်မူပြီ။ ကျွန်မတို့သည် ကိုယ်တော် ကြောင့် ဝမ်းမြောက် ရွှင်လန်း ကြမည်။ မေတ္တာ တော်ကို စပျစ်ရည် ထက် သာ၍ချီးမွမ်း ကြမည်။ သတို့သမီးကညှာတို့သည် ကိုယ်တော် ကိုမှန်ကန် စွာ ချစ် ကြပါ၏။

လူ ကို ဆွဲတတ်သော ကြိုး တည်းဟူသော မေတ္တာ ကြိုး နှင့် ငါဆွဲငင် ၏။ ပါးရိုး အနား သို့ ထမ်းဘိုး ကို ရွှေ့ ၍ ဖြည်းညှင်းစွာ ကျွေး ၏။

¶ ထိုကြောင့် ယေရှု က၊ သင်တို့သည် လူ သား ကိုမြှောက် ထားသောအခါ ၊ ငါ သည်ဤမည်သောသူဖြစ် သည် ကို၎င်း ၊ ငါသည် ကိုယ် အလိုအလျောက် အဘယ် အမှုကိုမျှမပြု ဘဲ၊ ငါ့ခမည်းတော် သည် ငါ အား နည်းပေး တော်မူသည်အတိုင်း ငါဟောပြော သည်ကို၎င်း သင်တို့သည် သိ ကြလိမ့်မည်။

ကိုယ်တော်သည် မိမိ လက်ဝါးကပ်တိုင် ကိုထမ်း လျှက် ဦးခေါင်းခွံ အရပ်ဟူ၍တွင် သောအရပ် သို့ ထွက် တော်မူ၏။ ထို အရပ် ကား၊ ဟေဗြဲ စကားအားဖြင့်ဂေါလဂေါသ အမည် ရှိ၏။

ထိုကြောင့် ဘုရားသခင် ရှေ့တော်၌ ပညတ် တရားအားဖြင့် အဘယ်သူ မျှဖြောင့်မတ် ရာသို့ မရောက် နိုင်ဟုထင်ရှား လျက်ရှိ၏။ သစ် တိုင်၌ ဆွဲ ထားခြင်း ခံရသောသူ တိုင်း ကျိန် ခြင်းကို ခံရသောသူဖြစ်သည်ဟု ကျမ်းစာလာ သည်နှင့်အညီ၊ ခရစ်တော်သည် ငါ တို့ အတွက် ကြောင့် ကျိန် ခြင်းကို ခံရ သောသူဖြစ်၍၊ ငါ တို့ကို ပညတ် တရား၏ကျိန် ခြင်းမှ ရွေးနှုတ် တော်မူပြီ။

ယေရှု သည် ဘုရားသခင် ၏ ကျေးဇူး တော်အားဖြင့်လူအပေါင်း တို့အတွက် ကြောင့် အသေခံ ရသော အခွင့်ရှိစေခြင်းငှာ ၊ ကောင်းကင်တမန် တို့အောက် ၌ အနည်းငယ် နှိမ့် ပြီးမှ၊ အသေ ခံရသောကြောင့် ခေါင်းတော်၌ ဘုန်း အသရေ ပတ်ရစ် လျက်ရှိသည်ကို ငါတို့ မြင် ကြ၏

ခရစ်တော် သည် ကိုယ်ခန္ဓာ အားဖြင့်အသေ သတ်ခြင်းကိုခံ၍၊ ဝိညာဉ် တော်အားဖြင့်အသက် ရှင်ခြင်း သို့ ရောက်တော်မူသည်ဖြစ်၍ ငါ တို့ကို ဘုရားသခင့် အထံတော်သို့ ပို့ဆောင် ခြင်းငှာ ၊ ဖြောင့်မတ် တော်မူသောသူသည်၊ မ ဖြောင့်မတ်သော သူတို့အတွက် ၊ ဒုစရိုက် အပြစ်များကြောင့် တစ်ခါ ခံ တော်မူ၏။

ကိုယ်တော်သည် အသေ သတ်ခြင်းကို ခံတော်မူသောအားဖြင့် ၊ အသီးအသီး ဘာသာ စကားကို ပြောသော လူ အမျိုး အနွယ် ခပ်သိမ်းတို့အထဲ မှအကျွန်ုပ် တို့ကိုယူ၍၊ အသွေး တော်နှင့် ဘုရားသခင် အဘို့ ရွေးနှုတ် တော်မူ၏။