သင် တို့မူကား ၊ ထိုသို့ မ ပြု ကြနှင့်။ သင် တို့တွင် အကဲအမှူး ပြု လို သောသူ သည် သင် တို့အစေခံ ဖြစ် ရမည်။”
TSK
TSK · ရှင်ယောဟန်ခရစ်ဝင်။ 13:14
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
35ထိုသို့ သင် တို့သည်လည်း အလုပ်လုပ် ၍ အားနည်း သော သူ တို့ကို မစ ရ မည်ကို၎င်း၊ အစွန့်အကြဲ ခံခြင်း အရာထက် စွန့်ကြဲ ခြင်း အရာသည်သာ၍ မင်္ဂလာ ရှိ သည်ဟု သခင် ယေရှု မိန့် တော်မူသော စကား တော်ကို အောက်မေ့ ရမည်ကို၎င်း၊ အရာရာ ၌ သင်တို့အား ငါပြသ ပြီဟု၊
အချင်းချင်း စိတ် သဘော တစ်ညီတစ်ညွတ်တည်း ရှိကြလော့။ ဂုဏ်စည်းစိမ် ကိုငဲ့ကွက်ခြင်းမ ရှိကြနှင့်။ နှိမ့်ချ သောသူ တို့ကို အပေါင်းအဘော်လုပ်ကြလော့။ ငါသည် ပညာရှိ ၏ဟု ကိုယ် ကိုမ ထင် ကြနှင့်။
သို့ဖြစ်၍ ၊ ငါ၏အစား အသောက်သည် ငါ့ ညီအစ်ကို ကို မှားယွင်း စေလျှင် ၊ ငါ့ ညီအစ်ကို ၌ မှားယွင်း စရာအကြောင်းမ ရှိစေခြင်းငှာ ၊ အမဲသား ကို အစဉ်မပြတ် ရှောင် မည်။
အကြောင်းမူကား ၊ ငါ တို့သခင် ယေရှု ခရစ် သည် စည်းစိမ် ရှိ သော်လည်း၊ ဆင်းရဲတော်မူခြင်း အားဖြင့်သင် တို့သည်စည်းစိမ် ရှိစေခြင်းငှာ ၊ သင် တို့အတွက် ကြောင့် ဆင်းရဲ ခြင်းကိုခံတော်မူသော ကျေးဇူး တော်ကို သင်တို့ သိ ကြ၏။
ညီအစ်ကို တို့၊ သင် တို့သည်လွှတ် ခြင်းအခွင့်ကို ရသောသူဖြစ်ကြ၏။ သို့သော်လည်းဇာတိ ပကတိအား အခွင့် ကိုပေး၍၊ ထိုလွှတ် ခြင်းကို မ သုံးကြနှင့်။ အချင်းချင်း ချစ် ၍ အမှု ချင်းကို ဆောင်ရွက်ကြလော့။
သင်တို့သည် အချင်းချင်း ချစ် ကြ၍၊ စိတ် မကွဲပြားဘဲ တလုံးတဝတည်း ကြံစည်ခြင်းနှင့်တကွ၊ သဘော တစ် ညီတစ်ညွတ်တည်းရှိသောအားဖြင့်၊ ငါ ဝမ်းမြောက် စရာအကြောင်း ကို စုံလင် စေကြလော့။
ယုံကြည် ခြင်းကို အစအဦး စီရင်၍ စုံလင် စေတော်မူသော သခင်ယေရှု ကို စေ့စေ့ထောက်ရှု ကြကုန်အံ့။ ထိုသခင် သည် မိမိ ရှေ့ ၌ ထားသော ဝမ်းမြောက် ခြင်းအကြောင်းကြောင့် ၊ ရှက်ကြောက် သောအရာ ကိုမ မှတ်ဘဲ လက်ဝါးကပ်တိုင် ၌ခံ ပြီးမှ၊ ဘုရားသခင် ၏ ပလ္လင် တော် လက်ျာဘက် ၌ ထိုင် နေတော်မူ၏
ထိုနည်းတူ ၊ အသက် ပျိုသောသူတို့၊ အသက်ကြီး သော သူတို့၏ စကားကိုနားထောင် ကြလော့။ ထိုမျှမက ၊ အချင်းချင်း တစ်ယောက်အောက်တစ်ယောက်နှိမ့်ချ လျက်နေ၍၊ နှိမ့်ချခြင်းတန်ဆာကိုဆင် ကြလော့။ အကြောင်းမူကား ၊ ထောင်လွှား စော်ကားသော သူတို့ကို ဘုရားသခင် တားဆီး တော်မူ၏။ စိတ် နှိမ့်ချသောသူတို့အား ကျေးဇူး ပြု တော်မူ၏။