TSK

TSK · ရှင်ယောဟန်ခရစ်ဝင်။ 16:21

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

မိန်းမ ကို လည်း၊ သင် ၌ ကိုယ်ဝန်ဆောင် ခြင်း ဝေဒနာ ကို ငါအလွန် များပြား စေရမည်။ ပင်ပန်းစွာ ဝေဒနာ ကို ခံ ၍ သား ဘွား ရမည်။ ကိုယ် ခင်ပွန်း ၏ အလို သို့ လိုက်၍ သူ ၏အုပ်စိုး ခြင်းကိုလည်း ခံရမည်ဟု မိန့် တော်မူ၏။

သူသည် ပဋိသန္ဓေ ယူ၍ သား ကိုဘွားမြင် လျှင် ၊ ငါ ခံရသောကဲ့ရဲ့ ခြင်းအကြောင်းကို ဘုရားသခင် သည် ပယ် တော်မူပြီဟူ၍၎င်း၊

ခံပြီးသောဒုက္ခ ဆင်းရဲကို မေ့လျော့ လိမ့်မည်။ လွန် သွားပြီးသော ရေ ကိုကဲ့သို့ အောက်မေ့ လိမ့်မည်။

နာ ခြင်းဝေဒနာ အမျိုးမျိုးကိုခံရ ကြလိမ့်မည်။ သားဘွား သော မိန်းမကဲ့သို့ ဝေဒနာ ကို ခံရလျက်၊ တယောက် ကိုတယောက်ကြည့်ရှု ၍မှိုင်တွေသဖြင့်၊ သူ တို့ မျက်နှာ သည် မီးလျှံ အဆင်း ရှိလိမ့်မည်။

ယောက်ျား သည် သားဘွား တတ်သလောဟုမေးမြန်း ကြည့်ရှု ကြလော့။ မိန်းမသည် သားဘွား ခြင်း ဝေဒနာကိုခံရသောအခါ၊ မိမိ ခါး ၌ လက် တင်သကဲ့သို့ ယောက်ျား တိုင်း ပြု၍ ၊ ခပ်သိမ်း သောသူတို့ သည် မျက်နှာ ပျက် လျက်ရှိကြသည်ကို အဘယ်ကြောင့် ငါ မြင်ရသနည်း။

အိုဇိအုန် သတို့သမီး ၊ သားဘွားသော မိန်းမကဲ့သို့ ဝေဒနာကို ခံ၍၊ သားကိုဘွားအံ့သောငှါအားထုတ်လော့။ ယခု ပင် သင်သည် မြို့ ထဲက ထွက် ၍ လယ်ပြင် ၌ နေ ရ မည်။ ဗာဗုလုန် မြို့တိုင်အောင် သွား ရမည်။ ထို မြို့၌ လွတ် လိမ့်မည်။ ထို မြို့၌ ထာဝရဘုရား သည် သင့် ကို ရန်သူ တို့ လက် မှ ရွေးနှုတ် တော်မူလိမ့်မည်။

ကျမ်းစာလာ သည်ကား ၊ သားမ ဘွား သော အမြုံမ ၊ ဝမ်းမြောက် လော့။ သားဘွားခြင်းဝေဒနာ ကိုမ ခံသေးသောမိန်းမ ၊ ကြွေးကြော် အော်ဟစ်လော့။ အကြောင်းမူကား ၊ စွန့် ထားသောမိန်းမသည်လင် ရှိ သော မိန်းမ ထက် သာ၍ များ သော သား တို့ကို ဘွားမြင်ပြီဟု လာသတည်း။

ထိုမိန်းမသည်ကိုယ်ဝန်ဆောင် ၍ ဘွား အံ့သော ဝေဒနာ ပြင်း သောကြောင့် အော်ဟစ် လေ၏။