TSK

TSK · ရှင်ယောဟန်ခရစ်ဝင်။ 16:4

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ထုတ် ဘော်၍ အနာဂတ္တိအရာတို့ကို ငါ တို့အား ပြ ကြစေ။ အရင် ဖြစ် ဘူးသော အရာတို့သည် အဘယ်သို့ ဖြစ်သည်ကို ငါ တို့ ဆင်ခြင် ၍ ၊ ထိုအရာ တို့၏ အဆုံး ကို သိ ရမည်အကြောင်း ဘော် ပြကြစေ။ သို့မဟုတ် ၊ ဖြစ် လတံ့ သောအရာတို့ကို ငါ တို့အား ဟော ပြောကြစေ။

သွား စဉ်တွင်၊ ကောင်းကင် နိုင်ငံ တော် တည်လုနီး ပြီဟုသိတင်းကြားပြော ကြလော့။

ယေရှု ကလည်း ၊ မင်္ဂလာဆောင် လုလင်သည် မိမိအပေါင်းအဘော် တို့နှင့်အတူရှိစဉ်အခါသူတို့သည် အစာရှောင် တတ် ကြသလော။ ရှိစဉ်ကာလ ပတ်လုံးအစာ မ ရှောင်တတ် ကြ။”

ထို အမှုအရာများမ ဖြစ်မှီလူများတို့သည် ငါ ၏နာမ ကြောင့် သင် တို့ကို ဘမ်းဆီး ညှဉ်းဆဲ ၍ တရားစရပ် ၌ ၎င်း ၊ ထောင် ထဲ၌၎င်းအပ်နှံ ကြလိမ့်မည်။

ထိုအမှုအရာရောက် သောအခါ သင်တို့သည်ယုံကြည် စေခြင်းငှာ၊ မ ရောက် မှီယခုပင် သင် တို့အား ငါ ပြော နှင့်ပြီ။

အကြောင်းမူကား ၊ ထိုသူ သည်ငါ ၏နာမ ကြောင့် အဘယ်မျှလောက် ပင် ဆင်းရဲ ခံရမည်ကို ငါ သည် သူ့ အားပြ မည်။ ထိုကြောင့်သင်သွား လော့ဟု အာနနိ အား မိန့် တော်မူ၏။