TSK

TSK · ရှင်ယောဟန်ခရစ်ဝင်။ 3:36

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

သား တော်ကို နမ်း ကြလော့။ သို့မဟုတ် လျှင် အမျက် တော်ထွက်၍ ၊ သင်တို့သည်လမ်း ၌ ပျက်စီး ခြင်းသို့ ရောက်ကြလိမ့်မည်။ အမျက် တော်သည် ချက်ခြင်း ထွက် လိမ့်မည်။ သား တော်ကို ကိုးစား သောသူအပေါင်း တို့ သည် မင်္ဂလာ ရှိကြ၏။

သို့သော်လည်း၊ သူသည် သူ ၏ဘိုးဘေး အမျိုး ရှိရာသို့ သွား ရလိမ့်မည်။ ကာလ အစဉ်အဆက် သူတို့သည်အလင်း ကို မ မြင် ရကြ။

စိတ် မြင့်သောသူသည် သဘော မ ဖြောင့်။ ဖြောင့်မတ် သော သူမူကား ၊ မိမိ ယုံကြည် ခြင်းအားဖြင့် အသက် ရှင်လိမ့်မည်။

လူ အပေါင်း တို့သည် ဘုရားသခင် ၏ ကယ်တင် တော်မူခြင်းအကြောင်း ကို မြင် ရကြလတံ့ဟု လာသည်နှင့်အညီ၊ ယောဟန်သည် ယော်ဒန် မြစ်နား ၌ အနှံ့အပြား လှည့်လည် ၍ အပြစ် လွှတ် ခြင်းအဘို့ အလိုငှာ နောင်တ နှင့် စပ်ဆိုင်သော ဗတ္တိဇံ တရားကို ဟော လေ၏။

¶ ယေရှု က၊ ဒုတိယ မွေး ခြင်းကို မ ခံသောသူ မည်သည်ကား၊ ဘုရားသခင် ၏နိုင်ငံ တော်ကို မ မြင် ရ ဟု ငါ အမှန်အကန် ဆိုသည် ဟု ပြန် ၍မိန့် တော်မူ၏။

ငါအမှန်အကန် ဆို သည်ကား၊ ငါ့ စကား ကို နားထောင် ၍ ငါ့ ကိုစေလွှတ် တော်မူသောသူ ကိုယုံကြည် သောသူ သည် ထာဝရ အသက် ကို ရ သည်ဖြစ်၍ အပြစ် စီရင်ခြင်းကိုမ ခံရ ။ သေ ခြင်းမှ အသက် ရှင်ခြင်းသို့ ကူးမြောက် သောသူဖြစ်၏။

ငါအမှန်အကန် ဆို သည်ကား၊ ငါ့ စကား ကို နားထောင် သောသူ သည်သေ ခြင်းနှင့် အစဉ်မပြတ် ကင်းလွတ် လိမ့်မည် ဟု မိန့် တော်မူ၏။

အဘယ်သို့ဖြစ်သနည်းဟူမူကား ၊ ဖြောင့်မတ် သောသူ သည် ယုံကြည် ခြင်းအားဖြင့် အသက် ရှင်လိမ့်မည်ဟု ကျမ်းစာလာ သည်နှင့်အညီ ၊ ယုံကြည် ခြင်း၌ တည်သောဘုရားသခင် ၏ ဖြောင့်မတ် ခြင်းတရားသည်၊ ယုံကြည် ခြင်းအဘို့ အလိုငှာ ဧဝံဂေလိ တရားအားဖြင့် ထင်ရှား လျက်ရှိ၏။

သို့ဖြစ်၍ ယခု တွင် အသွေး တော်အားဖြင့် ဖြောင့်မတ် ရာသို့ ရောက်ပြီးမှ၊ ထိုသခင် အားဖြင့် အပြစ် ငရဲမှ ကယ်ချွတ်တော်မူခြင်းသို့ ရောက် မည်ဟုသာ၍ မြော်လင့်စရာရှိ၏။

ငါတို့သည် မြော်လင့် ခြင်းအားဖြင့် ကယ်တင် တော်မူခြင်းသို့ ရောက်ကြ၏။ မြော်လင့် သောအရာကို တွေ့မြင် လျှင် မြော်လင့် စရာ အကြောင်းမ ရှိ ။ တွေ့မြင် သော အရာကိုအဘယ်ကြောင့် မြော်လင့် ရမည်နည်း။

လျှပ်ပေါ် သောစကား ဖြင့် အဘယ်သူ မျှ သင် တို့ ကို မလှည့်ဖြား စေနှင့်။ ထိုအမှု ကြောင့် ဘုရားသခင် ၏ အမျက် တော်သည် ငြင်းဆန် တတ်သော သူ တို့ အပေါ်သို့ သင့်ရောက် ပေ၏။

အမျက် တော်ကိုခံစေခြင်းငှာ ဘုရားသခင် သည် ငါ တို့ကို ခန့်ထား တော်မူသည်မ ဟုတ်။ ငါ တို့သခင် ယေရှု ခရစ် အားဖြင့် ကယ်တင် ခြင်းကို ပိုင်ရ စေခြင်းငှာ ခန့်ထားတော်မူ၏။

ထိုမျှမက၊ ဘုရားသခင် ၏ သား တော်ကို ခြေဖြင့်ကျော်နင်း လျက်၊ မိမိကိုစင်ကြယ် စေသော ပဋိညာဉ် တရား၏ သွေး ကိုအပြစ်တင်လျက်၊ ဆု ကျေးဇူးကိုပေးသော ဝိညာဉ် တော်ကို မထီမဲ့မြင် ပြုလျက်ရှိသော သူသည်၊ အဘယ်မျှလောက် ကြီးစွာသောဒဏ် ဖြင့် ခံထိုက် သည်ကို သင်တို့ ထင် ကြသနည်း

ဘုရားသခင် ၏သား တော်ကို ယုံကြည် သောသူ သည်၊ မိမိ အထဲ ၌ ထိုသက်သေ ကိုရ ၏။ ဘုရားသခင် ကို မ ယုံကြည် သောသူ မူကား၊ ဘုရားသခင် ကို မုသာ အပြစ်တင် ၏။ အဘယ်သို့ နည်းဟူမူကား၊ ဘုရားသခင် သည် မိမိ သား တော်၏အကြောင်း မှာ သက်သေခံ တော်မူသောစကားတော်ကို ထိုသူသည် မ ယုံ ဘဲနေ၏။

ကြောက် တတ်သောသူ၊ မယုံကြည် သောသူ၊ စက်ဆုပ် ရွံ့ရှာဘွယ်သောသူ၊ လူ အသက်ကိုသတ်သောသူ၊ မတရား သောမေထုန်၌မှီဝဲသောသူ၊ ပြုစား တတ်သောသူ၊ ရုပ်တု ကိုးကွယ်သောသူ၊ သစ္စာ ပျက်သောသူ အပေါင်း တို့မူကား၊ ဒုတိယ သေ ခြင်းတည်းဟူသောကန့် နှင့်လောင် သောမီး အိုင် ထဲ၌ မိမိ တို့အဘို့ကို ရကြလိမ့်မည်ဟူ၍၎င်း ငါ့ အား မိန့် တော်မူ၏။