TSK

TSK · ရှင်ယောဟန်ခရစ်ဝင်။ 4:19

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ဧလိရှဲက၊ ထိုလူသည်သင့် ကို ကြို ဆိုအံ့သောငှါ ၊ ရထား ပေါ် မှ လှည့် သောအခါ ၊ ငါ့ စိတ် ဝိညာဉ်သည် သင်နှင့်အတူ မ လိုက် သလော။ ငွေ ကိုခံယူ ချိန် ရှိသလော။ အဝတ် ၊ သံလွင် ဥယျာဉ်၊ စပျစ် ဥယျာဉ်၊ သိုး နွား ၊ ကျွန် ယောက်ျား၊ ကျွန် မိန်းမကို သိမ်းယူ ချိန်ရှိသလော

လူ အစုအဝေးတို့က၊ ဤသူ သည် ဂါလိလဲ ပြည်နာဇရက် မြို့၌ ပေါ်ထွန်းသောပရောဖက် ယေရှု ပေတည်း ဟု ပြောဆို ကြ၏။

ကိုယ်တော် ကို ခေါ်ပင့် သော ဖာရိရှဲ သည်မြင် လေသော်၊ ဤသူ သည်ပရောဖက် မှန် လျှင် ခြေ တော်ကို ကိုင် သော ဤ မိန်းမ သည်အဘယ်သို့ သောသူဖြစ်သည်ကို သိ လိမ့်မည်။ ဤမိန်းမသည်ဆိုး သောသူဖြစ် ၏ဟု ထင်မှတ်၏။

¶ နာသနေလ ကလည်း၊ ကိုယ်တော်သည် အဘယ်သို့ သောအားဖြင့်အကျွန်ုပ် ကို သိ တော်မူသနည်းဟု မေးလျှောက် သော်၊ ယေရှု က၊ ဖိလိပ္ပု သည် သင့် ကိုမ ခေါ် မှီ၊ သင် သည် သင်္ဘောသဖန်း ပင်အောက် ၌ရှိ သည်ကို ငါ မြင်သည် ဟု ပြန် ၍မိန့်တော်မူလျှင်၊

ထိုသို့ယေရှုပြ တော်မူသောနိမိတ် လက္ခဏာကို ထိုလူများတို့သည်မြင် လျှင်၊ ဤသူ ကား ဤလောက သို့ ကြွလာ ရသော ပရောဖက် အမှန် ဖြစ် သည်ဟု ဆို ကြ၏။

တစ်ဖန် မျက်စိ ကန်းဘူးသောသူ အား၊ သင် ၏မျက်စိ ကိုဖွင့် သောသူ သည် အဘယ်သို့သောသူဖြစ်သနည်း ဟု မေး ကြလျှင် ၊ ပရောဖက် ဖြစ် သည်ဟုဆို ၏။