ထားတော်မူသောပညတ် တို့ကို ငါမ ပယ်။ နှုတ် တော်ထွက် စကား တို့ကို ငါ ရင်ခွင်၌ သိုထား ပါ၏။
TSK
TSK · ရှင်ယောဟန်ခရစ်ဝင်။ 4:34
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
¶ ထာဝရဘုရား ၏ ဝိညာဉ် တော်သည် ငါ့ အပေါ် မှာ တည်တော်မူ၏။ အကြောင်း မူကား၊ ဆင်းရဲ သားတို့ အား ဝမ်းမြောက်စရာ သိတင်းကို ကြားပြော စေခြင်းငှါ ၊ ငါ့ ကို ဘိသိက် ပေးတော်မူပြီ။ နှလုံး ကြေကွဲ သောသူတို့၏ အနာကို စည်း စေခြင်းငှါ ၎င်း၊ ဘမ်း သွားချုပ်ထားလျက် ရှိသောသူတို့ အား လွှတ်ခြင်း အကြောင်းနှင့်၊ အကျဉ်းခံ လျက်ရှိသောသူတို့ အား ထောင်တံခါးဖွင့် ခြင်း အကြောင်းကို ပြစေခြင်းငှါ၎င်း၊
ထိုမှအနည်းငယ် လွန် ပြန်လျှင် ပြပ်ဝပ် ၍ အကျွန်ုပ် အဘ ၊ ဤ ခွက် သည် အကျွန်ုပ် ကိုလွန်သွားနိုင် လျှင် လွန်သွား ပါစေသော။ သို့သော်လည်း အကျွန်ုပ် အလိုရှိ သည်အတိုင်း မ ဖြစ်ပါစေနှင့်။ ကိုယ်တော် အလိုရှိသည်အတိုင်း ဖြစ်ပါစေသော ဟု ဆုတောင်း တော်မူ၏။
ထိုနည်းတူ ငါဆို သည်ကား၊ ဘုရားသခင် ၏ ကောင်းကင်တမန် တို့သည် နောင်တရ သောလူဆိုး တစ် ယောက်၌ ဝမ်းမြောက် ခြင်းရှိ ကြသည် ဟု မိန့် တော်မူ၏။
¶ သင် တို့မ သိ သောစားစရာ သည်ငါ့ ၌ရှိ သည် ဟု မိန့် တော်မူ၏။
ယောဟန် ၏သက်သေထက်သာ၍ ကြီးသောသက်သေ သည် ငါ ၌ရှိ ၏။ အကြင်အမှု တို့ကို ငါပြီးစီး စေခြင်းငှာ ခမည်းတော် သည် ငါ့ လက်သို့ အပ်ပေး တော်မူ၍၊ ငါပြု သော ထို အမှု တို့သည်လည်း ငါ့ဘက်၌နေ၍၊ ခမည်းတော် သည် ငါ့ ကိုစေလွှတ် တော်မူသည်အကြောင်း ကို သက်သေခံ ကြ၏။
အကြောင်းမူကား ၊ ငါသည် ကိုယ် အလို သို့လိုက် ခြင်းငှာ ကောင်းကင် မှ ဆင်းသက် သည်မ ဟုတ်။ ငါ့ ကို စေလွှတ် တော်မူသောသူ ၏ အလို တော်သို့လိုက်ခြင်းငှာဆင်းသက်၏။
ယေရှု သည် ပုံးရည် ကိုခံ ပြီးမှ၊ အမှုပြီး ပြီဟုမိန့် တော်မူလျက်၊ ခေါင်း တော်ကို ငိုက် ဆိုက်ညွှတ်၍ အသက် တော်ကို စွန့် တော်မူ၏။
ယုံကြည် ခြင်းကို အစအဦး စီရင်၍ စုံလင် စေတော်မူသော သခင်ယေရှု ကို စေ့စေ့ထောက်ရှု ကြကုန်အံ့။ ထိုသခင် သည် မိမိ ရှေ့ ၌ ထားသော ဝမ်းမြောက် ခြင်းအကြောင်းကြောင့် ၊ ရှက်ကြောက် သောအရာ ကိုမ မှတ်ဘဲ လက်ဝါးကပ်တိုင် ၌ခံ ပြီးမှ၊ ဘုရားသခင် ၏ ပလ္လင် တော် လက်ျာဘက် ၌ ထိုင် နေတော်မူ၏