TSK

TSK · ရှင်ယောဟန်ခရစ်ဝင်။ 5:23

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

မင်း များမှစ၍ မကယ်တင် နိုင်သော လူသား ကို မ ကိုးစား ကြနှင့်။

အိုဣသရေလ အမျိုး၏ဘုရား သခင်၊ ကယ်တင် တော်မူသောဘုရား၊ အကယ် စင်စစ်ကိုယ်တော် သည် ကိုယ်ကို ထင်ရှားစွာ ပြ တော်မမူသော ဘုရား သခင်ဖြစ်တော်မူ၏။

ထာဝရဘုရား မိန့် တော်မူသည်ကား ၊ လူ ကို ကိုးစား ၍ လူသတ္တဝါ ကို အမှီပြု သဖြင့် ၊ စိတ် နှလုံးထဲ၌ထာဝရဘုရား ထံ တော်မှ ထွက် သွားသော သူ သည် ကျိန် အပ်သောသူဖြစ်၏။

အကြင်သူ သည် ငါ့ ကိုချစ်သည်ထက် မိဘ ကိုသာ၍ချစ် ၏။ ထိုသူသည် ငါ နှင့်မ ထိုက် မတန်။ အကြင်သူ သည် ငါ့ ကို ချစ်သည်ထက် သား သမီး ကို သာ၍ ချစ် ၏။ ထိုသူငါ နှင့်မ ထိုက် မတန်။

သူ ၏နာမ ကိုလည်း လူ အမျိုးမျိုးတို့သည် ကိုးစား ကြလိမ့်မည်ဟု ဟောထားသတည်း။

သင်တို့သွား ၍ လူမျိုး တကာ တို့ကို ငါ့တပည့် ဖြစ်စေလျက်၊ ခမည်းတော် ၊ သား တော်၊ သန့်ရှင်း သော ဝိညာဉ် တော်၏နာမ ၌ ဗတ္တိဇံ ကို ပေးကြလော့။

ငါဆို သည်ကား၊ အကြင်သူ သည် လူတို့ ရှေ့ မှာ ငါ့ ကိုဝန်ခံ အံ့။ ဘုရားသခင် ၏ ကောင်းကင် တမန်တို့ရှေ့ မှာ လူ သား သည် ထိုသူ ကိုဝန်ခံ မည်။

အကျွန်ုပ် နှင့်စပ်ဆိုင်သောအရာ ရှိသမျှ တို့သည် ကိုယ်တော် နှင့် စပ်ဆိုင် ကြပါ၏။ ကိုယ်တော် နှင့်စပ်ဆိုင်သောအရာ ရှိသမျှတို့သည်လည်း ၊ အကျွန်ုပ် နှင့်စပ်ဆိုင်၍ ထိုအရာ တို့အားဖြင့် အကျွန်ုပ်သည် ဘုန်း ထင်ရှားပါ၏။

ယခု မူကား ၊ သင်တို့သည် အပြစ် တရား၏ လက်မှ လွှတ် ၍၊ ဘုရားသခင် ၏ ကျွန် ဖြစ်ကြသည်နှင့်အညီ၊ သန့်ရှင်း ခြင်းအကျိုး ကိုရ ကြ၏။ အဆုံး ၌ လည်း ထာဝရ အသက် ကို ရကြလိမ့်မည်။

ငါ တို့တွင် အဘယ်သူ မျှကိုယ် အဘို့ အလိုငှာအသက် မရှင်။ အဘယ်သူ မျှကိုယ် အဘို့အလို့ငှာမသေ

ထိုသခင်သည် ငါ တို့၏သခင်သာမဟုတ်၊ သင်တို့၏သခင်လည်း ဖြစ်တော်မူ၏။ သခင် ယေရှု ခရစ် နှင့် ငါ တို့အဘ တည်းဟူသောဘုရားသခင့် အထံတော်က ကျေးဇူး တော်နှင့် ငြိမ်သက် ခြင်းသည် သင် တို့၌ ရှိပါစေသော။

သင်တို့သည်စား သော်၎င်း၊ သောက် သော်၎င်း၊ မည်သည့် အမှုကို ပြု သော်၎င်း၊ ဘုရားသခင် ၏ ဘုန်း တော်ကို ထောက် ၍ခပ်သိမ်း သောအမှုကိစ္စကို ပြု ကြလော့။

ငါ တို့သည်မိမိ ကိုယ်ကိုအစဉ်မ ကိုးစား ဘဲ၊ သေ သောသူ တို့ကို ထမြောက် စေတော်မူသော ဘုရားသခင် ကို ကိုးစားမည်အကြောင်း သေ စေဟုစီရင် ခြင်းကို ကိုယ်တိုင် ခံရသကဲ့သို့ဖြစ် ၏။

ထိုတရား ဟူမူကား၊ ဘုရားသခင် သည် ခရစ်တော် အထဲ ၌ ရှိ နေလျက်၊ လောကီသား တို့၏ အပြစ် များ ကို မှတ် တော်မ မူ၊ ရန်ကိုငြိမ်းစေ၍ ကိုယ်တော် နှင့် မိဿဟာယ ဖွဲ့စေတော်မူ၏။ ထိုမိဿဟာယ တရား ကိုလည်း ငါ တို့၌ အပ်ပေး တော်မူ၏။

အကြောင်းမူကား ၊ ခရစ်တော် ကို မျှော်လင့် နှင့်သော ငါ တို့အားဖြင့်ဘုန်း တော်ကို ချီးမွမ်း စေခြင်း အကြောင်း ဖြစ် သတည်း။

ထို အကြောင်းကြောင့် ဤဆင်းရဲ ဒုက္ခကို ငါခံရ၏။ သို့သော်လည်း ရှက်ကြောက် ခြင်းမ ရှိ။ အဘယ်သူ ကိုငါယုံကြည် သည်ဟု ငါသိ ၏။ သူ၌ငါအပ် ထားသောအရာကိုလည်း၊ ထို နေ့ရက် တိုင်အောင်စောင့် နိုင် တော်မူသည်ဟု ငါသဘောကျ ၏။

ငါ တို့ကိုကယ်တင် တော်မူသောအရှင်ဘုရားသခင် ၏ စေတနာ တော်နှင့် လူတို့ကိုချစ်တော်မူသော မေတ္တာတော်သည် ပေါ်ထွန်း သောအခါ

¶ ယေရှု ခရစ် ၏ကျွန် တမန်တော် ငါရှိမုန် ပေတရု သည် ကယ်တင် တော်မူသောအရှင်၊ ငါ တို့ဘုရားသခင် ယေရှု ခရစ် ၏ ဖြောင့်မတ် ခြင်းတရားကို ငါ တို့ ယုံကြည် သည်နည်းတူ ၊ မြတ်စွာသော ယုံကြည်ခြင်း ကို ရသောသူ တို့အား ကြားလိုက်ပါ၏။

ထို စာစောင် ကိုခံယူ သောအခါ ၊ သတ္တဝါ လေး ပါးနှင့် အသက်ကြီး သူနှစ်ဆယ် လေး ပါးတို့သည်၊ သန့်ရှင်း သူ တို့၏ ပဌနာ တည်းဟူသောမီးရှို့ ရာနံ့သာပေါင်းနှင့် ပြည့် သော ရွှေ ဖလား တို့ကို၎င်း ၊ စောင်း တို့ကို၎င်း၊ အသီးသီး ကိုင် ၍ သိုးသူငယ် ရှေ့ ၌ပြပ်ဝပ် လျက်၊