များပြား သောသူ တို့ကလည်း ၊ လာ ကြလော့။ ထာဝရဘုရား ၏တောင် တော်၊ ယာကုပ် အမျိုး၏ ဘုရား သခင့်အိမ် တော်သို့ တက် သွားကြကုန်အံ့။ လမ်းခရီး တော် တို့ကို ပြသ သွန်သင်တော်မူ၍ ၊ ငါတို့သည် ခြေ တော်ရာသို့ လိုက်သွား ကြမည်ဟု ခရီးသွားလျက် ပြောဆို ကြလိမ့်မည်။ တရား တော်သည် ဇိအုန် တောင်မှ ၎င်း၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ယေရုရှလင် မြို့မှ ၎င်း၊ ပေါ် ထွက်လိမ့်မည်။
TSK
TSK · ရှင်ယောဟန်ခရစ်ဝင်။ 6:45
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
နောက် ကာလ အခါ ဣသရေလ အမျိုးသား တို့၌ ငါပေး အံ့သော ပဋိညာဉ် တရားဟူမူကား ၊ ငါထာဝရ ဘုရားသည် ငါ ၏ပညတ် တရားကို သူ တို့အတွင်း ထဲ သို့ သွင်း မည်။ သူ တို့နှလုံး ပေါ် မှာ ရေး ထားမည်။ ငါသည် သူ တို့၏ ဘုရား ဖြစ် မည်။ သူ တို့သည်လည်း ငါ ၏ လူ ဖြစ် ကြလိမ့်မည်။
ငါ ၏ခမည်းတော် သည် ခပ်သိမ်း သောအရာတို့ကို ငါ ၌အပ်ပေး တော်မူပြီး။ ခမည်းတော် မှတစ်ပါး အဘယ်သူ မျှသား တော်ကိုမ သိ ။ သား တော်နှင့် သား တော်သည် လင်း စေလို သော သူ မှတစ်ပါး အဘယ်သူ မျှခမည်းတော် ကိုမ သိ ။
အနာဂတ္တိ ကျမ်းစာ၌ လာ သည်ကား၊ ကြည့်ရှု လော့။ သင် သွားရာလမ်း ကို ပြင် ရသောငါ ၏တမန် ကို သင့် ရှေ့ ၌ ငါစေလွှတ် ၏။
¶ ထိုအခါ ကိုယ်တော်သည် တစ်ကျိပ် နှစ်ပါးသောတပည့် တော်တို့ကို ခေါ် ၍၊ ငါတို့သည် ယေရုရှလင် မြို့သို့ ယခု သွား ကြ၏။ ပရောဖက် များ ရေးမှတ် သမျှ သည် လူ သား ၌ ပြည့်စုံ ရလိမ့်မည်။
ခမည်းတော် သည် ငါ့ အား ပေး တော်မူသမျှ သောသူ တို့သည် ငါ ထံသို့ လာ ကြလိမ့်မည်။ ငါ့ ထံသို့ လာ သောသူ ကိုငါသည်အလျင်း မ ပယ် ။
ငါ့ သိုး တို့သည် ငါ့ စကား သံကိုနားထောင် ၍ ငါ့ နောက် သို့လိုက်ကြ၏။ ထိုသိုး တို့ကို ငါ သိ ၏။
ဆုတောင်းသောအချက်ဟူမူကား၊ ငါ တို့သခင် ယေရှု ခရစ် ၏ ဘုရားသခင် ဖြစ်တော်မူသောဘုန်းကြီး သော အဘ ခမည်းတော်သည် ကိုယ်တော် မြတ်ကို သိ ခြင်း အလိုငှာ ပညာ ကို၎င်း ၊ ထိုးထွင်း သောဉာဏ် ကို၎င်း၊ သင် တို့အား ပေး ပါမည်အကြောင်း ၊
ညီအစ်ကို ချင်း ချစ်ခြင်းအရာကို သင် တို့အား ရေး ၍ပေးလိုက်စရာအကြောင်း မ ရှိ ။ အဘယ်ကြောင့် နည်းဟူမူကား ၊ သင် တို့သည် အချင်းချင်း ချစ် စေခြင်းငှာ၊ ဘုရားသခင် ဆုံးမသွန်သင်တော်မူသော သူဖြစ် ကြ၏။
နောင် ကာလ အခါသူ တို့၌ ငါပေး သော ပဋိညာဉ် တရား ဟူမူကား၊ ငါထာဝရဘုရားသည် ငါ့ ပညတ် တို့ကို သူ တို့နှလုံး ထဲမှာ ပေးသွင်း မည်။ သူ တို့စိတ် ဝိညာဉ်၏အပေါ်မှာ ရေး ထားမည်ဟု အထက်ကမိန့်တော်မူပြီးမှ