တပည့် သည် ဆရာ ကဲ့သို့ ၎င်း ၊ ကျွန် သည်သခင် ကဲ့သို့ ၎င်းဖြစ် လျှင် သင့်လောက် ပေ၏။ အိမ်ရှင် ကို ဗေလဇေဗုလ ဟုခေါ်ဝေါ် ကြလျှင် ၊ အိမ်သူ အိမ်သားတို့ကို သာ၍ ခေါ်ဝေါ်ကြလိမ့်မည်။
TSK
TSK · ရှင်ယောဟန်ခရစ်ဝင်။ 7:12
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ကိုယ်တော် ကို ဘမ်းဆီး ခြင်းငှာရှာကြံ သော်လည်း စုဝေး သောသူများကို ကြောက် ကြ၏။ အကြောင်းမူကား ၊ ထိုသူတို့သည် ကိုယ်တော် ကို ပရောဖက် ကဲ့သို့ ထင်မှတ် ကြ၏။
ကောင်း သောသူ သည် ကောင်း သော မိမိစိတ် နှလုံး ဘဏ္ဍာတိုက် ထဲက ကောင်း သောအရာ ကို ထုတ်ဘော် တတ်၏။ မကောင်း သောသူ သည် မကောင်း သောအရာ ကိုထုတ်ဘော် တတ်၏။ အကြောင်းမူကား ၊ စိတ် နှလုံးအပြည့် ရှိသည်အတိုင်း နှုတ် မြွတ် တတ်၏။
¶ ယေရှု က၊ ငါ့ ကို ကောင်းမြတ် သည်ဟု အဘယ်ကြောင့် ခေါ် သနည်း။ ဘုရားသခင် တစ်ပါးတည်း သာ ကောင်းမြတ် တော်မူ၏။
¶ ထိုအခါ ယုဒ ပြည်အရိမသဲ မြို့သား ယောသပ် အမည် ရှိ သော လွှတ်တော် အရာရှိတစ်ယောက်သည်၊ အခြားသောလွှတ်အရာရှိတို့၏ တိုင်ပင် စီရင်ခြင်းကို ဝန်ခံ သောသူ မ ဟုတ် ၊
ထိုအခါ ယေရုရှလင် မြို့သားအချို့ ကလည်း၊ ဤ သူ ကိုသတ် အံ့သောငှာရှာ ကြသည်မ ဟုတ် လော။
စကား တော်ကို ကြား သောလူ အများတို့က၊ ဤ သူသည်လာလတံ့သော ပရောဖက် အမှန် ဖြစ် သည်ဟု ဆို ကြ၏။
သူတို့က၊ သင် သည်လည်း ဂါလိလဲ ပြည်သားဖြစ် သလော။ စစ် ဦးလော့၊ ဂါလိလဲ ပြည်၌ အဘယ် ပရောဖက် မျှမ ပေါ်ထွန်း သည်ကိုမှတ် လော့ဟု ဆို ကြပြီးမှ၊
¶ ထို စကား တော်ကြောင့် ယုဒ လူတို့သည် တစ်ဖန် ကွဲပြား ခြင်းရှိ ကြ၏။
ဖြောင့်မတ် သောသူအတွက် ကြောင့် အသေခံ မည့်သူ ရှိခဲ ၏။ သူတော်ကောင်း အတွက် ကြောင့် အသေခံ ဝံ့ သောသူ ရှိ ကောင်းရှိလိမ့်မည်မှန်စေတော့။