အဦး မှစ၍ အဆုံး တိုင်အောင်၎င်း၊ ရှေး ကာလမှ စ၍မ ဖြစ် သေးသော အမှုအရာတို့ကို၎င်းဘော်ပြ လျက် ၊ ငါ့ အကြံ တည် လိမ့်မည်။ ငါ့ အလို ရှိသမျှ ကို ငါပြည့်စုံ စေမည် ဟု ဆို လျက်၊
TSK
TSK · ရှင်ယောဟန်ခရစ်ဝင်။ 7:30
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
¶ ကျမ်းပြု ဆရာနှင့် ယဇ်ပုရောဟိတ် အကြီးတို့သည်ကြား လျှင် ၊ ကိုယ်တော် ကို သတ် ရသောအခွင့် ကို ရှာကြံ ကြ၏။ လူ အပေါင်း တို့သည် ဆုံးမ ဩဝါဒပေးတော်မူခြင်းကို အံ့ဩ မိန်းမောသောကြောင့် ၊ ထိုသူတို့သည် ကိုယ်တော် ကို ကြောက်ရွံ့ကြ ၏။
ကိုယ်တော်သည် နေ့တိုင်း ဗိမာန် တော်၌ ဆုံးမ ဩဝါဒပေး တော်မူ၏။ ယဇ်ပုရောဟိတ် အကြီး၊ ကျမ်းပြု ဆရာ၊ လူ တို့တွင်အကြီးအကဲ ဖြစ်သောသူ တို့သည်ကိုယ်တော် ကို သတ် ခြင်းငှာရှာ ကြသော်လည်း ၊
ငါ သည် ဗိမာန် တော်၌ သင် တို့နှင့်အတူ ရှိ နေစဉ်အခါသင်တို့သည် ငါ့ ကို မ ဘမ်း မဆီးကြ။ သို့သော်လည်း ယခု အချိန်ကား သင် တို့အချိန် ဖြစ် ၏။ မှောင်မိုက် တန်ခိုး လည်းဖြစ်၏ ဟု မိန့် တော်မူ၏။
ထိုပွဲ သို့ သင် တို့သွား ကြလော့။
ထိုသို့လူ များ အုတ်အုတ်သဲသဲ ဖြစ်ကြသည်ကို ဖာရိရှဲ တို့သည်ကြား လျှင်၊ ယဇ်ပုရောဟိတ် အကြီးတို့ နှင့် တိုင်ပင်ပြီးမှကိုယ်တော် ကို ဘမ်းဆီး စေခြင်းငှာ မင်း လုလင်တို့ကို စေလွှတ် ကြ၏။
¶ ဗိမာန် တော်၌ ဆုံးမ ဩဝါဒပေးတော်မူစဉ် ဤ စကား တော်ကို ဘဏ္ဍာတိုက် မှာ မိန့်မြွတ် တော်မူ၏။ ကိုယ်တော် ၏အချိန် မ စေ့ မရောက်သေးသောကြောင့် အဘယ်သူ ကိုမျှကိုယ်တော် ကိုမဖမ်းဆီး ကြ။
ထိုအခါ ကိုယ်တော် ကို ခဲနှင့်ပစ် ခြင်းငှာ ကျောက်ခဲ တို့ကို ကောက်ယူ ကြ၏။ ယေရှု သည် တိမ်းရှောင် ၍ ထိုသူတို့အလယ်၌ရှောက်သွားပြီးလျှင်ဗိမာန် တော်မှ ထွက်ကြွ တော်မူ၏။
¶ ထိုအခါ ယုဒ လူတို့သည် ကိုယ်တော် ကို ခဲနှင့်ပစ် ခြင်းငှာ တစ်ဖန် ကျောက်ခဲ တို့ကို ကောက်ယူ ကြ၏။
¶ ယေရှု ကလည်း၊ တစ်နေ့ တွင်တဆယ့်နှစ် နာရီ ရှိ သည်မ ဟုတ်လော။ လူ သည်နေ့ အချိန်၌ သာ သွားလာ လျှင် ၊ နေရောင်အလင်း ကို မြင် ရသောကြောင့် ထိမိ ၍ မ လဲတတ်။