TSK

TSK · ရှင်ယောဟန်ခရစ်ဝင်။ 7:31

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ကျောက် ပေါ်၌ ရှိသောသူ ကား ၊ တရားစကား ကိုကြား ၍ ဝမ်းမြောက် သောစိတ်နှင့် ခံယူ သော်လည်းစိတ်နှလုံး၌ အမြစ် မ စွဲ ၊ ခဏ သာယုံကြည် သဖြင့် စုံစမ်း နှောင့်ရှက်ခြင်းကို ခံရသောအခါဖေါက်ပြန် သောသူကို ဆိုလိုသတည်း။

ပသခါ ပွဲ အတွင်း တွင် ယေရှုသည် ယေရုရှလင် မြို့၌ ရှိ ၍ ၊ ပြ တော်မူသော နိမိတ် လက္ခဏာတို့ကို များစွာ သောသူတို့သည် မြင် ရသဖြင့် ကိုယ်တော် ကို ယုံကြည် ခြင်းသို့ ရောက်ကြ၏။

¶ ရှမာရိမိန်းမ က၊ အကျွန်ုပ်ပြု ဘူးသမျှ သော အမှုအရာတို့ကို သူသည်ထုတ်ဖေါ် ပြီဟု သက်သေခံ သော စကား ကြောင့် ၊ ထို မြို့ ၌နေသော ရှမာရိ လူအများ တို့သည် ယေရှု ကိုယုံကြည် ကြ၏။

ထိုသို့ယေရှုပြ တော်မူသောနိမိတ် လက္ခဏာကို ထိုလူများတို့သည်မြင် လျှင်၊ ဤသူ ကား ဤလောက သို့ ကြွလာ ရသော ပရောဖက် အမှန် ဖြစ် သည်ဟု ဆို ကြ၏။

ဖာရိရှဲ အချို့ တို့က၊ ထိုသူသည် ဥပုသ် မ စောင့် ။ ဘုရားသခင် စေလွှတ်တော်မူသောသူ မ ဟုတ် ဟု ဆို ကြ ၏။ အချို့ တို့က၊ ဆိုး သောသူသည် ဤသို့သော နိမိတ် လက္ခဏာတို့ကို အဘယ်သို့ ပြ နိုင် မည်နည်းဟု ဆို ကြ၏။ ထိုသို့အချင်းချင်း မသင့် ကွဲပြားခြင်းသို့ရောက်၏။

ထိုအခါ မာရိ ဆီသို့ လာ သော ယုဒ လူအများ တို့သည် ယေရှုပြု တော်မူသောအမှု ကိုမြင် လျှင် ၊ ကိုယ်တော် ကို ယုံကြည် ကြ၏။

သို့သော်လည်း အရာရှိ အများ တို့သည် ကိုယ်တော် ကိုယုံကြည် ကြ၏။ တရားစရပ် မှဖာရိရှဲ တို့သည် နှင်ထုတ်မည်ကို စိုးရိမ်သောကြောင့် ထင်ရှား စွာဝန် မ ခံကြ။

ဝိညာဉ် နှင့်ကင်း သောကိုယ် သည် အသေ ဖြစ် သကဲ့သို့ ၊ အကျင့် နှင့်ကင်း သော ယုံကြည် ခြင်းသည် အသေ ဖြစ် ၏။