ယေရှု သည် ကြီး သောအသံ နှင့်တစ်ဖန် ကြွေးကြော် ပြီးလျှင် အသက် တော်ကို လွှတ် တော်မူ၏။
TSK
TSK · ရှင်ယောဟန်ခရစ်ဝင်။ 8:28
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
မောရှေ သည်တော ၌ မြွေ ကို မြှောက် ထားသကဲ့သို့ လူ သား သည် မြှောက် ထားခြင်းကို ခံရမည်။
ငါ သည်ကိုယ် အလိုအလျောက် အဘယ် အမှုကိုမျှမ ပြု နိုင် ။ ငါသည် ကြား သည်အတိုင်း တရား စီရင်၏၊ ငါ စီရင် ခြင်းသည်လည်း တရားတော် နှင့်ညီညွတ်၏။ အကြောင်းမူကား ၊ ငါ သည် ကိုယ်အလို သို့မ လိုက် ၊ ငါ့ ကို စေလွှတ် တော်မူသောခမည်းတော် ၏အလို သို့လိုက်၏။
ထိုကြောင့် သင် တို့သည် ကိုယ် အပြစ် ၌ သေ ကြလိမ့်မည်ဟုငါဆို ၏။ ငါ သည်ဤမည်သောသူဖြစ် သည်ကို သင် တို့သည်မ ယုံလျှင် ၊ ကိုယ် အပြစ် ၌ သေ ကြလိမ့်မည် ဟု မိန့် တော်မူ၏။
ငါ သည်လည်းမြေကြီး နှင့်ခွာ၍ မြှောက် ထားခြင်းကို ခံရလျှင် ။ လူအပေါင်း တို့ကို ငါ့ ထံသို့ ငါဆွဲ မည် ဟု မိန့် တော်မူ၏။
ငါသည် ခမည်းတော် ထံသို့ သွား မည်ဖြစ်၍ ၊ သင်တို့သည် နောက်တဖန်ငါ့ ကိုမ တွေ့ မမြင်ရသောကြောင့် ၊ အပြစ် ကင်းခြင်းကို ဖော်ပြမည်။
ထိုစကား ကို အသင့်နှလုံး သွင်းမိသော သူ တို့သည် ဗတ္တိဇံ ကိုခံ၍ ၊ ထို နေ့ ၌ အရေအတွက်အားဖြင့်သုံးထောင် မျှလောက် သော သူ တို့သည်ဝင် ကြ၏။
တန်ခိုး နှင့်တကွ ဘုရားသခင် ၏သား တော် ထင်ရှားဖြစ်တော်မူသော ငါ တို့သခင် ယေရှု ခရစ် တည်းဟူသောမိမိ သား တော်ကို အကြောင်း ပြု၍ ဘုရားသခင် သည် ရှေးကမိမိ ပရောဖက် များအားဖြင့် ၊ သန့်ရှင်း သော ကျမ်းစာ ၌ ဂတိ ထားတော်မူသော ဧဝံဂေလိ တရားကို ဟောစေခြင်းငှာ၊ ရွေးချယ် ခွဲထား၍ တမန်တော် အရာ၌ ခန့်ထား သော ယေရှု ခရစ် ၏ ကျွန် ငါပေါလု သည်၊
ကောင်းကင် တမန်များအားဖြင့် ထား တော်မူသော ဗျာဒိတ် တော်သည် တည် ၍ ပြစ်မှား လွန်ကျူး ခြင်း အမှု အမျိုးမျိုး တို့သည် ခံထိုက် သော အပြစ် ဒဏ်ကို ခံရ သည်မှန်လျှင် ၊