TSK

TSK · ယောရှုမှတ်စာ။ 6:21

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

တဖန် သင့် လက်၌ အပ် တော်မူသောအခါ၊ သူ တို့ ကို လုပ်ကြံ ၍ အကုန်အစင်သုတ်သင် ပယ်ရှင်းရမည်။ သူ တို့နှင့် မိဿဟာယ မ ဖွဲ့ ရ၊ ကရုဏာ ကို မ ပြရ။

လုယူ ရာဥစ္စာရှိသမျှ ကို မြို့ လမ်းမအလယ် ၌ စုပုံ ၍ ၊ ထိုမြို့ နှင့်တကွ လုယူ ရာဥစ္စာရှိသမျှ ကို သင် ၏ ဘုရားသခင် ထာဝရဘုရား အဘို့ မီး ရှို့ ရမည်။ ထိုမြို့သည် အစဉ်အမြဲ အမှိုက်ပုံ ဖြစ် ရမည်။ နောက် တဖန် မ တည် မဆောက်ရ။

ယေရိခေါ မြို့နှင့် မင်းကြီး အား ပြု သကဲ့သို့ အာဣ မြို့နှင့် မင်းကြီး အား ပြု ရမည်။ သို့ရာတွင် လုယူ သော ဥစ္စာ၊ တိရစ္ဆာန် များကို ကိုယ် အဘို့ သိမ်း ရမည်။ မြို့ နောက် မှာ ကင်းတပ်ကို ထား ရမည်ဟု ယောရှု အား မိန့် တော်မူသည်အတိုင်း၊

ဂိဗောင် မြို့သား တို့သည် ယေရိခေါ မြို့၊ အာဣ မြို့ ၌ ယောရှု ပြု သောအမှု ကို ကြား သောအခါ၊

ထို နေ့ ၌ ယောရှု သည် မက္ကဒါ မြို့ကို တိုက် ယူ၍ မြို့နှင့် မင်းကြီး ကို ထား နှင့် လုပ်ကြံ ပြီးလျှင် ၊ မင်းကြီးနှင့်တကွ မြို့သားအပေါင်း တို့ကို တယောက်မျှ မ ကျန် ကြွင်းရ ဘဲ ရှင်းရှင်းဖျက်ဆီး လေ၏။ ယေရိခေါ မင်းကြီး ကို ပြု သကဲ့သို့ မက္ကဒါ မင်းကြီး ကို ပြု သတည်း။

ထိုမြို့သူမြို့သား အပေါင်း တို့ကို ထား နှင့် ကွပ်မျက် သဖြင့် တယောက်ကိုမျှ အသက် ရှင်စေခြင်းငှါမ ထား။ ရှင်းရှင်းဖျက်ဆီး ၍ မြို့ ကိုလည်း မီး ရှို့လေ၏။

ယခု သွား ၍ ထိုအမျိုးကို လုပ်ကြံ လော့။ နှမြော ခြင်းမ ရှိဘဲ၊ ရှင်းရှင်း ဖျက်ဆီး ၍ ၊ ယောက်ျား ၊ မိန်းမ ၊ သူငယ် ၊ နို့စို့ မှစ၍ ၊ သိုး ၊ နွား ၊ ကုလားအုပ် ၊ မြည်း တို့ကိုသတ် လော့ဟု ရှောလု အား ဆင့်ဆို သည် အတိုင်း၊

ထာဝရဘုရား က၊ သွား လော့။ အပြစ် များသော အာမလက် အမျိုးသားတို့ကို ရှင်းရှင်းဖျက်ဆီး လော့။ မဖျက်ဆီး မှီ တိုင်အောင် စစ်တိုက် လော့ဟု သင့် ကို ဝေး သော အရပ်သို့ စေလွှတ် တော်မူ၏။

ဖျက်ဆီး တတ်သော ဗာဗုလုန် မင်းသမီး ၊ သင် သည် ငါ တို့၌ ပြု သည်အတိုင်း ၊ သင် ၌ အပြစ် ကိုဆပ်ပေး သောသူ သည် မင်္ဂလာ ရှိ၏။

ခွန်အား ကြီးသော ကောင်းကင်တမန် တစ်ပါး သည် ကြီးစွာ သော ကြိတ်ဆုံ ကျောက်ကဲ့သို့သော ကျောက် ကို ချီယူ ၍ ပင်လယ် ထဲသို့ ချပစ် ပြီးလျှင် ထိုနည်းတူ ၊ ဗာဗုလုန် မြို့ ကြီး ကို ပြင်းထန် စွာ ချပစ် ၍ နောက်တစ်ဖန် မ ပေါ် မရှိရ။