မောရှေ ကလည်း မ စိုးရိမ် ကြနှင့်။ ငြိမ်ဝပ်စွာရပ် နေကြ။ ထာဝရဘုရား သည်၊ ယနေ့ ပြ တော်မူသော ကယ်တင် ခြင်းကို ကြည့်ရှု ကြလော့။ သင်တို့သည် ယနေ့ မြင် သော အဲဂုတ္တု လူတို့ကို၊ နောက်တဖန် အလျှင်းမ မြင် ရကြ။
TSK
TSK · တရားသူကြီးမှတ်စာ 7:21
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
¶ ရန်သူတို့ကို လူ တိုင်းတယောက်စီ သတ် ကြသဖြင့် ရှုရိ လူတို့သည် ပြေး ကြ၏။ ဣသရေလ လူတို့သည် လိုက် ကြသဖြင့် ရှုရိ ရှင်ဘုရင် ဗင်္ဟာဒဒ် သည် မြင်း စီး၍ မြင်းစီး သူရဲတို့နှင့်အတူ အလွတ် ပြေး၏။
မိုဃ်း မလင်းမှီထ ၍ သူ တို့တဲ ၊ မြင်း ၊ မြည်း အစရှိသော တတပ်လုံး ကို စွန့်ပစ် ၍ ကိုယ် အသက် လွတ် အောင် ပြေး ကြ၏
သို့ရာတွင်၊ အိုယုဒ ပြည်သူယေရုရှလင် မြို့သားတို့၊ သင် တို့သည်စစ်တိုက် စရာ အကြောင်းမ ရှိသည်သည်ဖြစ်၍၊ တည်ကြည်စွာ မတ်တတ် နေလျက် ၊ ထာဝရဘုရား ကယ်တင် တော်မူခြင်း ကျေးဇူးကိုကြည့်ရှု ကြလော့။ မ ကြောက် ကြနှင့်။ စိတ် မ ပျက်ကြနှင့်။ နက်ဖြန် နေ့ချီသွား ကြလော့။ ထာဝရဘုရား သည် သင် တို့နှင့်အတူ ရှိတော်မူလိမ့်မည်ဟု မြွက်ဆို၏။
¶ လိုက် သောသူမ ရှိသော်လည်း ၊ မ တရားသောသူသည် ပြေး တတ်၏။ ဖြောင့်မတ် သောသူမူကား ၊ ခြင်္သေ့ ကဲ့သို့ ရဲရင့် တတ်၏။
ဣသရေလ အမျိုး၏ သန့်ရှင်း တော်မူသောဘုရား၊ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင်တို့ သည် ပြောင်းလဲ ၍ ငြိမ်ဝပ် စွာ နေလျှင်၊ ကယ်တင် ခြင်း သို့ ရောက်ကြလိမ့်မည်။ ငြိမ်ဝပ် စွာနေခြင်း၊ ယုံကြည် ခြင်း အားဖြင့် ခွန်အား အစွမ်းကို ရ ကြလိမ့်မည်။ သင် တို့သည် ထိုသို့သော အလို မ ရှိကြ။