TSK

TSK · ဝတ်ပြုရာကျမ်း 21:10

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

မိမိ အဝတ် ကို ဆွဲဆုတ် ၍ ၊ လျှော်တေ အဝတ်ကို ပတ်စည်း သဖြင့် ၊ အင်တန် ကာလပတ်လုံး၊ သား ကြောင့် စိတ် မသာ ညည်းတွားလျက် နေလေ၏။

အာရုန် ၏ သန့်ရှင်း သော အဝတ် တန်ဆာကို၊ သူ ၏သား တို့သည် အမွေခံ သဖြင့်၊ ဆီလိမ်း ခြင်း မင်္ဂလာနှင့် ယဇ်ပုရောဟိတ်အရာ၌ ခန့် ထားသောအခါ၊

အာရုန်ကို အင်္ကျီ ဝတ် စေ၍ ၊ ခါးပန်း ကို စည်း စေလေ၏။ ဝတ်လုံ နှင့် သင်တိုင်း ကိုလည်း ခြုံ စေ၍ ၊ ထူးဆန်းသောသင်တိုင်း ခါးစည်း ဖြင့် စည်း လေ၏။

မောရှေ သည် အာရုန် နှင့် သူ ၏သား ဧလာဇာ နှင့် ဣသမာ တို့ကိုခေါ်၍၊ သင်တို့လည်းသေမည်။ လူ အပေါင်း တို့အပေါ် မှာ အမျက် တော်သင့်ရောက်မည်ကို စိုးရိမ်သည်ဖြစ်၍၊ သင်တို့ဦးထုပ်ကို မချွတ်နှင့်။ အဝတ် ကို မ ဆုတ် နှင့်။ သင် တို့ညီအစ်ကို ဣသရေလ အမျိုးသားရှိသမျှ တို့သည် ထာဝရဘုရား ပြု တော်မူသော မီးလောင် ခြင်းကိုသာ ငိုကြွေး မြည်တမ်းကြစေ။

ထိုနေ့ရက်သည် ထာဝရ ပညတ် တော်အတိုင်း၊ သင် တို့ငြိမ်ဝပ် ရာ ဥပုသ် နေ့၊ ခြိုးခြံ စွာကျင့်ရသောနေ့ ဖြစ်သတည်း။

သတ် သောသူကို သေစားသေစေ သောသူ၏ လက် မှ နှုတ် သဖြင့် ၊ အထက်ကပြေး ၍ မှီခို သောမြို့ သို့ ပြန် ပို့ရမည်။ ဓမ္မ ဆီ လောင်း ခြင်းကို ခံရသောယဇ်ပုရောဟိတ် မင်း မ သေ မှီတိုင်အောင်ထိုမြို့ ၌ နေ ရမည်။

သို့ပြီးမှ ၊ မော်ဒကဲ သည် နန်းတော်တံခါး သို့ ပြန်လာ ၏။ ဟာမန် မူကား ညည်းတွား လျက် ခေါင်း ကို ခြုံ လျက်၊ မိမိ အိမ် သို့ အလျင် အမြန်သွား ပြီးလျှင်၊

အာရုံ ၏ ခေါင်း ပေါ် မှာ လောင်း လျက်၊ သူ၏ မုတ်ဆိတ် သို့ စီး ၍၊ လည်စွပ် တိုင်အောင် ကျသောနံ့သာ ဆီ ကဲ့သို့ ဖြစ်၏။