ပဌမ နေ့ ၌ ၎င်း ၊ ခုနစ် ရက် နေ့၌ ၎င်း၊ ဓမ္မ စည်းဝေး ခြင်းကို ပြုရမည်။ ထို နေ့ရက်၌ လူ တိုင်း စား ခြင်းကိစ္စနှင့်ဆိုင်သော အလုပ်အဆောင်မှတပါး အခြားသောအလုပ် ကို မ လုပ် မဆောင်ရ။
TSK
TSK · ဝတ်ပြုရာကျမ်း 23:21
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ သင်တို့သည် စီရင် ရသောဓမ္မစည်းဝေး ခြင်းတည်းဟူသောငါ ထာဝရဘုရား ၏ ပွဲတော် များဟူမူကား၊
ပဌမ နေ့ ၌ ဓမ္မစည်းဝေး ခြင်းကို ပြု ရမည်။ လောကီအလုပ် ကို မ လုပ် ရ။
အဘယ် အလုပ် ကိုမျှ မ လုပ် ရ။ သင် တို့နေရာ အရပ်ရပ် ၌ သင် တို့အမျိုး အစဉ် အဆက် စောင့်ရသောပညတ် တော်ဖြစ်သတည်း။
သင် ၏ဘုရားသခင် ထာဝရဘုရား သည် နာမ တော် တည် စေဘို့ရာ ရွေးကောက် တော်မူသော အရပ် တွင် ၊ သင် ၏ဘုရားသခင် ထာဝရဘုရား အဘို့ ခုနှစ် သိတင်းပွဲကိုခံ၍ သား သမီး ၊ ကျွန် ယောက်ျား မိန်းမ ၊ သင့် နေရာ ၌ တည်းခိုသော လေဝိ သား၊ ဧည့်သည် အာဂန္တု၊ မိဘ မရှိသောသူ၊ မုတ်ဆိုးမ တို့သည် ရွှင်လန်း ခြင်းကို ပြုရကြမည်။